ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။

.

ယနေ့ (သြဂုတ်လ ၂၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရွာငံမြို့နယ် နှင့် သာစည်မြို့နယ်ကြားရှိ မြက်ခါးအင်းကျေးရွာအနီး၌ စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းက သာစည်ဘက်နေ ရွာငံဘက်ကို ဦးတည်လာတဲ့ အချိန် အဲ့ဒီနားက စခန်းချနေတဲ့ PDF တွေနဲ့ တွေ့မိပြီး ပစ်ခတ်မှုတွေ ဖြစ်တာလို့ သိရပါတယ်။ အဲ့ဒီမှာ မိုးကာတဲလေးနဲ့ PDF တွေက နေနေတာလေ။ ထိခိုက်ကျဆုံးမှုက ရှိတယ်လို့ ပြောပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရဘူး” ဟု ရွာငံဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ရွာငံမြို့နယ်မှ တောင်မတောင်ထိပ် အနီး တည်ဆောက်ထားသည့် မိုးကာတဲသုံးလုံး၊ လက်နက်ခဲယမ်းများအချို့ နှင့် PDF တစ်ဦး အသေ ရရှိကြောင်း စစ်ကောင်စီဝါဒဖြန့် Pindaya People’s vioce က ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် အဆိုပါ ဒေသအတွင်း လှုပ်ရှားနေကြသည့် PDF ပူးပေါင်း အဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေး အရ မြေပြင် သတင်းအချက်အလက်အလုံးစုံ မသိနိုင်သေးကြောင်း မြေပြင်လှုပ်ရှားသည့် အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်တာတော့ အမှန်ဖြစ်ပါတယ်။ ဒါပဲ ပြောနိုင်ပါသေးတယ်။ အခုလက်ရှိ အချိန်က ကျနော်တို့လူ ဘေးကင်းလုံခြုံဖို့ ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်တယ်။” ဟု အမည်မဖော်လိုသည့် PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းမှု မဖြစ်ခင် ရွာငံမြို့နယ်တွင်း စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိသော်လည်း လက်ရှိ စစ်အာဏာ သိမ်း နှစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် ရွာငံမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ဒေသတွင်း ပျူစောထီးများ၊ စစ်ကောင်စီတပ်သားနှင့် ရဲများက နေ့စဥ်ကင်းလှည့်ခြင်းများပြုလုပ်သည့် အပြင် ကျေးရွာ အတွင်း စစ်တပ် စခန်းချနေထိုင်ခြင်းလည်း ပြုလုပ်လာကြောင်း သိရသည်။

ထို့အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ဖွဲ့စည်းပြီးကြောင်း ကြေညာပြီးသည့်နောက် စစ်ကောင်စီမှ လမ်းသွားလမ်းလာ ပြည်သူလူထုအပေါ် စစ်ဆေးမှု ပိုမိုတင်းကြပ် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...