စစ်ကောင်စီ
တီမောလက်စ်တေ သို့မဟုတ် နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီ မဟာမိတ်
SHAN -
နိဒါန်း တီမောလက်စ်တေ။ အရှေ့တီမောနိုင်ငံဟု မြန်မာပြည်သူအများစု သိမှတ်ထားကြသည်။ စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုဘက်တွင် အရှေ့တီမောအစိုးရက ရပ်တည်သည်။ နွေဦးတော် လှန်ရေးကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို အရှေ့တီမောအစိုးရက တခုတ်တရဆက်ဆံသည်။ စစ်အုပ်စု၏ စစ်အာဏာသိမ်းမှုကို ရှုတ်ချသည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁...
မူဆယ်မြို့နယ် ကျေးရွာအတွင်း TNLA နှင့် စကစ အပြိုင်အဆိုင် နေရာယူထား၊ စစ်ရေး တင်းမာနေဆဲ
သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့က အပြိုင်အဆိုင် နေရာယူထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။ . လက်ရှိတွင် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ စောမွန်လှကျောင်း၌ TNLA က တပ်စွဲ နေရာယူထားပြီး၊ စယ်လန့်အထက်တန်းကျောင်း...
မိုင်းတုံမြို့နယ် ဓားပြတိုက်ခံရပြီး (၃) ဦး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ နေအိမ်ကို ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်းက အမည်မသိ လက်နက်ကိုင်မှ ဓားပြဝင်တိုက်ခံရပြီး ၊ အိမ်ရှင် အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်...
မြန်မာ – တရုတ်နယ်စပ် မူဆယ်ဂိတ်များ၌ နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် စတင်ပြုလုပ်ပေးနေ
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်ဂိတ်များတွင် နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ်ကို ယနေ့ (စက်တင်ဘာ ၄) ရက်မှစ၍ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၄ ရက်) နေ့လယ် ၁၂ နာရီအချိန်တွင် မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်ရှိ နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ် နှင့်...
ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်းအောင်သူများ ဆရာအဖြစ်ခန့်အပ်မည်
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ ရှားပါးလာမှုကြောင့် (၁၀) တန်းအောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ တစ်သိန်းခွဲဖြင့် ပြည်သူလူထုမှ ခန့်အပ်မည်ဟု စုံစမ်းသိရသည်။ . စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာ အခက်အခဲ ဖြစ်လာပြီး...
အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေးနှစ်ဦး ပြန်လည် လွှတ်လာပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားဆဲကြောင်း စုံစမ်းသိရသည်။ . ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့တို့ သြဂုတ် ၂၈...
နမ့်ဖတ်ကာ လက်နက်ကြီးထိ သေဆုံးသူ၏ မိသားစုဝင် နှင့် ဒဏ်ရာရသူကို စစ်ကောင်စီက ရွှေဖီဦး နှင့် အရက်ဖြင့် နှစ်သိမ့်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် သေဆုံးသွားရသည့် မိသားစုဝင်များ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်သားများက အရက် နှင့် ရွှေဖီဦးကော်ဖီဖြင့် သွားရောက်နှစ်သိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ . ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး...
အင်းလေးဘုရားပွဲ လုံခြုံရေးအကြောင်းပြ PNO မှ တအိမ် ကျပ်ငွေ တသောင်း တောင်းခံနေ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ကျင်းပပြုလုပ်မည့် ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) မှ တအိမ်လျှင် ကျပ်ငွေ တသောင်း တောင်းခံ နေကြောင်း သိရသည်။ . သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသည့်...
နမ့်ခမ်းမြို့နယ် အလုပ်သမားက အလုပ်ရှင်ကို သတ်ပြီး ရွှေ၊ငွေများ လုယူသွား
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အလုပ်သမားတစ်ဦးသည် အလုပ်ရှင် ဖြစ်သူကို သတ်ဖြတ်ပြီး ရွှေ၊ ငွေ ပစ္စည်းများစွာကို လုယက်ယူသွားသည့် ဖြစ်စဥ်ဖြစ်ပွားသွားကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာ ၂ ) ရက်တွင် နမ့်ခမ်းမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ဦးအောင်သိန်း ဆိုသူကို အလုပ်သမားဖြစ်သူ က...
ကွတ်ခိုင်မြို့နယ် တိုက်ပွဲမှ လက်နက်ကြီး လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးများသည် မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ထိ ကျရောက်ပေါက်ကွဲကြောင်း စုံစမ်းသိရသည်။ . စက်တင်ဘာလ ၁ ရက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...





