Wednesday, January 28, 2026

မူဆယ်မြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် မူဆယ်မြို့နယ်၊ နမ့်အုမ် (ဝၢၼ်ႈၼမ့်ဢုမ်) ကျေးရွာ နှင့် ခိုမုန်းကျေးရွာတို့မှ စစ်ရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

.

အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ကျေးရွာ နှစ်ရွာမှ ဒေသခံ (၁၅၀) ကျော်တို့သည် ယနေ့ အချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပစ်ခတ်တာတော့ မရှိတော့ဘူး၊ အသံတွေ ငြိမ်သွားပေမဲ့ စစ်ရှောင်တွေက နေရပ်မပြန်နိုင်သေးဘူး၊ စုစုပေါင်း (၁၅၀) ကျော်တော့ ရှိမယ်ထင်တယ်။ တစ်နေရာတည်း စုနေနေတာမျိုးလည်း မဟုတ်တော့ အတိအကျလည်း စာရင်းမရှိဘူး။ မူဆယ်မြို့ပေါ် နေတယ်၊ ခိုမုန်းဘုရားကျောင်းမှာလည်း ရှိနေတယ်” ဟု စစ်ရှောင်ကူညီသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နှစ်ဖက် ပစ်ခတ်မှု ငြိမ်သက်သော်လည်း TNLA တပ်မှ နမ့်အုမ်ကျေးရွာရှိ ဇိနမာန်အောင် ကျောင်းတိုက်တွင် နေရာယူ တပ်စွဲထားသလို၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ရံဖန်ရံခါ ပစ်ခတ်မှု ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် နမ့်အုမ်ကျေးရွာအနီး စစ်ကောင်စီတပ် နှင့် TNLA တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နမ့်အုမ်ကျေးရွာ ဇိနမာန်အောင်ကျောင်း တောင်ခြေရှိ နေအိမ်တစ်လုံးကိုလည်း လက်နက်ကြီး ထိမှန်ပျက်စီးရကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ခေါင်မိုးပေါ်တည့်တည့်ကျတာ၊ အဲ့ဒီအိမ်ရှင် မိသားစုကလည်း စစ်ရှောင်ထွက်ပြေးနေရတယ်၊ အခုချိန်ထိ ပြန်မလာကြသေးဘူး၊ ခိုမုန်းရွာထဲမှာ လက်နက်ကြီးထိ ပျက်စီးတဲ့ အိမ် ၃ လုံးထက် မနည်းဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ် နှင့် TNLA တပ်တို့၏ စစ်ရေး တင်းမာမှုကြောင့် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှ ဒေသခံ ၆၀၀ ကျော်ကလည်း စစ်ရှောင်ထွက်ပြေးရပြီး ယနေ့ အချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း စစ်ရေးတင်းမာမှု စတင်ခဲ့ရာ ယနေ့အချိန်ထိ တစ်လကျော်ကြာခဲ့ပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...