တောင်လေးလုံးမှ နိုင်/ကျဥ်းများကို နေရာအပြောင်းအရွှေ့ပြုလုပ်

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသား အချို့ကို ထောင်ပိုင် တာဝန်ရှိသူများမှ နေရာအပြောင်းအရွှေ့ဖြင့် နေရာအသီးသီးသို့ ပို့ဆောင် နေကြောင်း စုံစမ်းသိရသည်။

.

နိုင်/ကျဥ်းများကို ထောင်ပြောင်းရွှေ့လုပ်ခြင်း နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ အတွင်းမှ စတင်ကာ လက်ရှိ စက်တင်ဘာလ အထိ အကန့်အသတ် ဦးရေဖြင့် ပို့ဆောင် နေခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသူ ရှေ့နေ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မတ်လထဲမှာ တောင်လေးလုံးက ထောင်ဖောက်မှု ဖြစ်ခဲ့တယ်လေ။ အဲ့ဒီထောင် ဖောက်မှု မဖြစ်ခင် ဒီက နိုင်/ကျဥ်း တစ်သုတ်ကို အင်းစိန်ထောင်ပို့ ခဲ့ဖူးတယ်။ ထောင်ဖောက်မှု ဖြစ်ပြီးတဲ့နောက် အင်းစိန် ထောင်ရော၊ သာယာဝတီရော၊ အိုးဘိုထောင် စတဲ့နေရာတွေကို ဦးရေအကန့်အသတ်နဲ့ တစ်သုတ်ပြီး တစ်သုတ်ပို့တာ” ဟု ဖြစ်စဥ်ကို သိရှိသည့် ရှေ့နေ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နိုင်/ကျဥ်း မဟုတ်သည့် တခြားပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် တောင်လေးလုံးမှ အကျဥ်းကျ နေသူများကိုလည်း နာမည်ကြီး ရဲစခန်းများထံသို့ ပို့ဆောင်ခြင်း ခံရကြောင်းလည်း အထက်ပါ ရှေ့နေက ဆက်ပြောသည်။

လက်ရှိ တောင်လေးလုံးမှ မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခြင်း ခံရသည့် နိုင်/ကျဥ်းများထဲမှ ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ် တစ်ဦးလည်း အပါအဝင်ဖြစ်ပြီး တခြား နိုင်/ကျဥ်းများလည်း ပါဝင်ကြောင်း နိုင်/ကျဥ်း မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မော်စီး (ရွှေ့လင်းသစ်) ကတော့ တစ်ဦးအပါအဝင်ပေါ့။ တခြား နိုင်/ကျဥ်းတွေကိုလည်း စာပို့ အကြောင်းကြားတာ ရှိတယ်။ တချို့ကျတော့လည်း လူကြုံ အကြောင်းကြားတာမျိုးပေါ့။ မော်စီး ကကျတော့ သူ့အမှုက ၁၀ နှစ် ချမှတ်ခံထားရတယ်လေ။ သူ နဲ့ အတူ ပြောင်းခံရတဲ့ တခြားသူတွေက ဘယ်သူတွေလဲ ဆိုတာတော့ မသေချာဘူး” ဟု နိုင်/ကျဥ်းမိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုခိုင်မြင့်ထွန်း (ခ) မော်စီး (ခ) ရွှေလင်းသစ် သည် သျှမ်းပြည် အခြေစိုက် သတင်းဌာန တစ်ခုမှ သတင်းထောက်ဟောင်း တစ်ဦးဖြစ်ပြီး တောင်ကြီးမြို့နေအိမ်၌ ရှိနေစဥ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၁ (ဂ) ဖြင့်  အမှုဖွင့် တရားစွဲဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၅) ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရခြင်း ဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးရှိ အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ (၆) ရက်နေ့ ထုတ်ပြန်ချက် အရ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျဆုံးသူ စုစုပေါင်း (၄,၀၄၇) ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၁၉,၄၂၄) ဦးရှိနေပြီး (၇,၂၆၂) ဦးက ထောင်ဒဏ်ချမှတ်ခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...