ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီးကျပေါက်ကွဲ နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၁၀ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မိုင်းယုကျေးရွာ အတွင်းရှိ နေအိမ်များပေါ်သို့ ကျပေါက်ကွဲပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်စီးကာ ဝက် ၄ ကောင် သေဆုံးခဲ့ကြောင်း မိုင်းယုဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

Photo – Local ( လက်နက်ကြီးကျရောက်မှုကြောင့် ကားများထိခိုက်ပျက်စီး)

“မနေ့ ညက လူအိပ်ချိန်ဆိုတော့ ဘယ်သူမှ ထမကြည့်ရဲဘူး။ လက်နက်ကြီးတွေက ၁၅ လုံးလောက် ရှိတယ်။ အိမ်တောင်လှုပ်တယ်။ တချို့မြေပြင်ပေါ်မှာ မကျဘဲ ကောင်းကင်ပေါ်မှာ ပေါက်ကွဲတာလည်း ရှိသေးတယ်။ မနေ့ ညတစ်ညလုံး ကြောက်နေရတာတော့မပြောနဲ့ ကြောက်ပြီးအော်ငိုကြတာ “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာအတွင်း လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် အသက် ၇၀ နှစ်ကျော် အဖွားတစ်ဦး နှလုံးရပ်မတန့် ဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိ နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့သည်လည်း ကျေးရွာအတွင်း လှုပ်ရှားနေထိုင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဖြစ်ချင်တာတော့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြဿနာဖြစ်ရင် ကျေးရွာထဲမှာ လာမနေဖို့ တောင်းဆိုချင်တယ်။ ဖြစ်လာရင် ကျနော်တို့ ပြည်သူတွေပဲ ထိခိုက်တာ။ ပြည်သူတွေပဲ နစ်နာတယ် “ ဟု အသက် ၃၀ နှစ်ကျော် ဒေသခံ အမျိုးသားတစ်ဦးက တောင်းဆိုသည်။

ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် တ
အာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

မိုင်းယုကျေးရွာသည် နေအိမ်စုစုပေါင်း ၁၈၀ ကျော်ရှိပြီး နမ့်ခိုင်ရွာ နှင့် ၁ မိုင် ကွာဝေးကာ ကွတ်ခိုင်မြို့နှင့် ၁၉ မိုင်ခန့် ကွာဝေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...