Monday, February 9, 2026

စစ်ကောင်စီ

စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားသည့် လက်နက်များ စနစ်တကျ ပြန်အသုံးချဖို့ ကိုးကန့်ခေါင်းဆောင် မှာကြား

သျှမ်းပြည် လောက်ကိုင်ဒေသ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ် စခန်းများမှ သိမ်းဆည်း ရမိထားသည့် လက်နက် ခဲယမ်းများကို စနစ်တကျ ပြန်အသုံးချရန် ကိုးကန့် ခေါင်းဆောင် မှာကြားနေသည့် ရုပ်သံကို ယနေ့ (ဇန်နဝါရီ ၁၈ ရက်) တွင်တရုတ် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။ လောက်ကိုင်ဒေသကို စိုးမိုးထားသည့်...

ကျေးသီးမြို့နယ် လဝက ရုံးသို့ မှတ်ပုံတင်သွားလုပ်သူများ ပိုက်ဆံအဆမတန် တောင်းခံရ

သျှမ်းပြည် ကျေးသီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ပြည်သူ့အင်အား ဝန်းကြီးဌာနရုံးသို့ မှတ်ပုံတင်သွားရောက်လုပ်ဆောင်သူ ဒေသခံများထံ ဝန်ထမ်းများက ပိုက်ဆံအဆမတန်တောင်းခံခြင်းကို ခံနေရကြောင်း သွားရောက်လုပ်ဆောင်ပြီးသူများ သတင်းပေးပို့ချက်အရသိရသည်။ ယခင်က ဒေသခံများသည် မှတ်ပုံတင်လုပ်ဆောင်လျှင် တစ်ဦးကို အများဆုံး ၅ ထောင်ကျပ် လဝကရုံးမှ ဝန်ထမ်းများထံပေး၍ မှတ်ပုံတင်ရရှိခဲ့သော်လည်း လက်ရှိမှာ မှတ်ပုံတင်လုပ်ဆောင်ပါက တစ်ဦးကို...

မူဆယ် ၁၀၅ မိုင် စစ်ရှောင်များကို ရက္ခိုင့်တပ်တော် ( AA) ဆန်ဝေ

သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ဘေးရှောင်များကို ကူညီပံ့ပိုးမှုအဖြစ် ရက္ခိုင့်တပ်တော် AA က ဆန်ဝေငှပေးခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၁၆ ရက် နေ့လည် (၁)နာရီခွဲခန့်မှ စတင်၍ ညနေ (၆)နာရီခန့်အထိ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီးတဝိုက်ရှိ...

သျှမ်း-ကရင်နီနယ်စပ်တကြောရောက် စစ်ရှောင်များ နေထိုင်ရာအခက်ခဲဖြစ်

သျှမ်း- ကရင်နီပြည် နယ်စပ်တကြောမှ စစ်ဘေးတိမ်းရှောင်လာသူများ တိုးလာပြီး နေရာထိုင်ခင်း နှင့် စားဝတ်နေရေးအတွက်အခက်အခဲများကြုံတွေ့နေကြာင်း စုံစမ်းသိရသည်။ သျှမ်း -ကရင်နီပြည် နယ်စပ်တကြော တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ် နှင့် ကျေးရွာအချို့တွင် စစ်ရှောင်လာသူ ၃၀၀ ထက်မနည်း တိုးလာပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း...

စံကားအင်း ဒေသခံများကို စစ်ကောင်စီ နှင့် PNA စားသောက်စရာ အတင်းပို့ဆောင်ပေးခိုင်းနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့က ဒေသခံများကို ၎င်းတို့အတွက် စားသောက်စရာများ အတင်းပို့ဆောင်ခိုင်း နေကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ အတင်းခိုင်းစေမှုကြောင့် ဒေသခံများမှ ၎င်းတို့အတွက် စားသောက်စရာများ ပို့ဆောင် ပေးရသော်လည်း လုံခြုံရေး...

နမ့်ဖတ်ကာ တိုက်ပွဲ ၃ ပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ နှစ်ဘက်တိုက်ပွဲ ၃ ပတ်ကျော်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီလ ၁၈ ရက်)အထိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်...

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KIA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း ၅ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း...

နမ့်ခမ်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူမည်ဟု TNLA ပြော

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (TNLA) က လူဦးရေစာရင်း သိရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့ စည်ပင်သာယာရေးရုံးတွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနက...

နှုတ်ဆိတ်နေသောအသံများကိုဖော်ထုတ်ခြင်း

အမှာ ဤစစ်တမ်းကို လက်ခံရရှိ လာသည်မှာလ,အတန်ကြာခဲ့ပါပြီ။သို့သော်သုတေသနလုပ်ခဲ့ သည့်အဖွဲ့ကို ဘာကြောင့် အများသိအောင် မထုတ်ဝေသလဲ? ဟုမေးမြန်းသောအခါ “ကျနော်တို့က ပြည်တွင်းမှာနေတာ၊ အချက်အလက် ကောက်ယူဖို့ရတယ်။ ဒါပေမဲ့ ထုတ်ဝေဖို့ ကတော့ နှစ်ဖက်စလုံးကိုကြောက်နေရတယ်” ဟုဖြေပါသည်။ သို့ဖြစ်ပါ၍၊ ဤစစ်တမ်းကို ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုပြီး၊ စစ်တမ်းကောက်ယူသူများ ရော၊ ဖြေကြားသူများပါ ဘေးအန္တရာယ်မရှိရေး၊...

လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည် လားရှိုးမြို့နယ် ပန်နားကျေးရွာအုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွား ရောင်းပြီး ပြန်လာစဉ်လမ်းတွင် စစ်ကောင်စီဂိတ်ရှိ စစ်သားများ၏ ပစ်ခတ်ခြင်းခံလိုက်ရသဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) ည ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ပန်နားကျေးရွာ အုပ်စု ဝိန်းစုံရွာနေ...

Latest news