စစ်ကောင်စီ
ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ
ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...
ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။ ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ်...
သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူးကို စစ်ကောင်စီ ဖမ်းဆီး
SHAN -
သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ကို ယမန်နေ့ (မေလ ၂၉ ရက်) ညပိုင်းက တောင်ကြီးမြို့ နေအိမ်တွင် စစ်ကောင်စီ လာရောက် ဖမ်းဆီးသွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပင်စင်ယူရန် လပိုင်းသာ လိုတော့သည့် ဦးစိုင်းသော်ဝင်း ကို ကျားဖြန့်...
မူဆယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်နင်းမိ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ဝိန်းနန်ကျေးရွာရှိ တောလမ်းတစ်နေရာတွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းထပ်မံနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသား ၁ ဦးသည် ယမန်နေ့ (မေလ ၂၈) ရက် နံနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးရှိ တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ...
သမ္မတဦးဝင်းမြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည့် ဗိုလ်ချုပ်ကိုလေး စစ်ကောင်စီ ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်လာ
SHAN -
ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံမှ လဘ်စားမှုဖြင့် ထောင်ချခံထားရသည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း နေရာတွင် ဗိုလ်ချုပ်ကိုလေး ကို အစားထိုး ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ယမန်နေ့ (မေလ ၂၈ ရက်) ညပိုင်းတွင် ကြေညာသည်။ ၂၀၂၁ မတ်လတွင် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်အောင်လင်းထွန်း သည် တရုတ်...
သျှမ်းပြောင်းစိုက်တောင်သူများ အရှုံးပေါ် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကာလေကျေးရွာရှိ ပြောင်းစိုက်သူများသည် ယခုနှစ်တွင် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ ပြောင်းစိုက်ရာသီတွင် မျိုးစေ့၊ ပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှု ကြားမှ စိုက်ပျိုးရသော်လည်း ပြောင်းဈေး တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၆၀၀ကျော် သာရသည့် အတွက် နှစ်နှစ်ဆက်တိုက်အရှုံးပေါ်လာသဖြင့်...
နေပြည်တော် စစ်တိုင်းမှူး အပါအဝင် အရေးကြီး တပ်မှူးနေရာများ အပြောင်းအလဲ လုပ်ပြန်
SHAN -
စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရေးကြီးနေရာများကို ကိုင်တွယ်ရသည့် တပ်မှူး တချို့ကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၈ ရက်) တွင် ပြောသည်။ စစ်ကောင်စီသည် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့လိုက်ပြီး...
မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် - လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့်...
ကရင်နီ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ခဲ ဆန်ပြုတ်သောက်နေသည့်အဆင့်ရောက်
SHAN -
ကရင်နီပြည်နယ်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ အခက်ခဲကြောင့် ဆန်ပြုတ်သာ စားနေရသည့် အဆင့် ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ စုံစမ်းသိရသည်။ ကရင်နီပြည်နယ်၊ မိုးဗြဲတောင်ဘက်ရှိ စစ်ဘေးရှောင်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် အလှူရှင်များ နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်လာပြီး ကလေးများကို ထမင်းကျွေးကာ လူကြီးများ ဆန်ပြုတ် သောက်နေရသည့် အဆင့်ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေပးနေသည့်...
အင်းလေး စက်လှေလုပ်သားများ စားဝတ်နေရေးပိုကြပ်တည်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့ကြောင့်...





