စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စုဆောင်းခံရသူ ၁၆၀၀ ကျော်ရှိ

စစ်ကောင်စီ၏ အပတ်စဉ် ၂ စစ်မှုထမ်းစနစ်အကောင်ထည်ဖော်ခြင်းအတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသော လူငယ်အရေအတွက် ၁၆၀၀ ကျော်ရှိကြောင်း မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသည့်နေရာများမှာ တတက-၃ (ကျိုင်းတောင်း) တွင် ၂၀၀ ဝန်ကျင်ခန့်၊ တတက-၈ (တန့်ယန်း) တွင် ၅၀၀ ကျော်၊ တတက-၁၁ (ကျိုင်းတုံ)တွင် ၅၂၈ ဦး၊ ရကသ-၁ (ဗထူး)တွင် ၂၀၀ ခန့်နှင့် တကန (ဟိုပုံး)တွင် ၂၀၀ ကျော် စုစုပေါင်း ၁၆၀၀ ကျော်ခန့် စစ်သားစုဆောင်းခံထား ရကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

“ကျမမှာက မောင်လေးနှစ်ယောက်ရှိတယ်။ အသက်တွေကလည်း ၂၂ နဲ့ ၂၃ ဆိုတော့ သူတို့အတွက် အရမ်းစိတ်ပူတာပေါ့၊ မောင်လေးတစ်ယောက်ကတော့ ကိုးရီးယားသွားဖို့ လုပ်ထားပေမယ့် ခုက နိုင်ငံခြားထွက်ခွင့်ကလည်း ပိတ်သွားပြီဆိုတော့ ဘယ်လိုလုပ်ရမလဲ တွေးပူနေရတယ်” ဟု ရပ်စောက်မြို့နယ်တွင် နေထိုင်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထို အပတ်စဉ် ၂ အတွက် သင်တန်းကျောင်းများကို နိုင်ငံတဝန်းတွင် ၁၆ ကျောင်းဖွင့်လှစ်ခဲ့ပြီး ၅ ကျောင်းမှာ သျှမ်းပြည်တွင် ဖြစ်သည်။

BACS ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းတွင် အပတ်စဉ် ၂ အတွက် စုဆောင်းခံသူ ၄၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

မေလ ၂၉ ရက် က ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ “သင်တန်းသားများ အနေဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါဘဲ စစ်တပ် အတွင်းသို့ မိမိသဘောဆန္ဒ အလျောက် ဝင်ရောက်လာကြသူများ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် အသက်သွင်းပြီးနောက် စစ်သားစုဆောင်းမှုကို မတ်လအလယ်တွင်စတင်စုဆောင်းခဲ့ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စုဆောင်းခံရသူ လူငယ် ၉၀၀၀ ခန့်ရှိပြီးဖြစ်သည်။

“ကျနော်တို့ကတော့ လက်ရှိ ပြည်တွင်းမှာပဲ အခြေအနေကြည့်နေရတာပေါ့၊ ကိုယ်တိုင်က CDM လည်းလုပ်ထားတော့ သူများတွေလို passport လုပ်ပြီး နိုင်ငံခြားထွက်ပြေးဖို့လည်း မလွယ်ဘူး‌လေ၊ အခြေအနေ အရမ်းဆိုးလာရင်တော့ တောထဲပဲ ဝင်ရမယ် ထင်တယ်” ဟု အသက် ၂၄ နှစ်အရွယ် CDM ကျောင်းသားလူငယ်တစ်ဦး မှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ်များသည် တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်မှုများ ရှိနေသလို ပြည်ပနိုင်ငံများသို့လည်း နည်းလမ်းပေါင်းစုံဖြင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...