ကျောက်မဲ

“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်

နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...

ကျောက်မဲ – ရပ်စောက်မြို့ကြားရှိ စစ်ကောင်စီ ဂိတ်များ စစ်ဆေး၊ငွေတောင်းခံ ကြမ်းနေ

သျှမ်းပြည် ကျောက်မဲ - ရပ်စောက်သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပြီး ငွေတောင်းခံမှုများ ယခင်ကထက်ပိုကြမ်းနေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့မှ ရပ်စောက်မြို့ သို့သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ‌ မှစတင်၍ စစ်ဆေးမှုများတင်းကြပ်နေပြီး ငွေတောင်းခံမှုများကြမ်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ကောင်စီ...

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖုန်း၊အင်တာနက်လိုင်းများ ပြန်လည်ပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်မှုပြန်လည် ပြုလုပ်ခြင်းကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖုန်းလိုင်းများကို ပြန်လည်ပိတ်ထာရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြန်လည် ပြုလုပ်လာသည့်အတွက်ကြောင့် TNLA မှ ယမန်နေ့ (ဇန်နဝါရီလ ၂၈) ရက်တွင် ဖုန်းလိုင်းနှင့်...

ကျောက်မဲမြို့နယ် ယခုလအတွင်း တတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့သည် ယခုလ ( ဇန်နဝါရီ) အတွင်း တတိယအကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၇) ရက် နေ့လည် ၂ နာရီဝန်းကျင် ကျောက်မဲမြို့အတွင်းရှိ မြို့တော်ခန်းမ အနီးတဝိုက်ကို စစ်ကောင်စီကမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့...

ကျောက်မဲမြို့နယ် ကျွန်းပင်ခုတ်သည် ဟု အမျိုးသမီးအပါအဝင် အရပ်သား (၁၇)ဉီးကို TNLA ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် အမျိုးသမီးအပါအဝင် အရပ်သား ၁၆ဉီးကို ကျွန်းပင်ခုတ်သည့်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၁)ရက် မှ ယနေ့ (ဇန်နဝါရီ ၂၃)ရက်အထိ TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊...

သျှမ်းနှစ်သစ်ကူးညတွင် ကျောက်မဲမြို့ကို စစ်ကောင်စီ ​ဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူအများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၃၀ )ရက် ည ၇ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ အင်​​ကြင်းတောင် ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။ "ည ၇...

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊...

ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ်...

သျှမ်းမြောက်တွင် လျှပ်စစ်မီးနှင့် အင်တာနက် ပြန်ရမည်ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိုးတွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်ရမည် ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်ကြကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” သည် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA)...

နောင်ချို၊ ကျောက်မဲနဲ့ သီပေါမှာ လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ကို SSPP တပ်ဖွဲ့ကတိုက်ထုတ်တော့မယ်လို့ လွဲမှားဖြန့်ချိနေ

သျှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ သီပေါ မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ကတိုက်ထုတ်တော့မယ်လို့ သတင်းလွဲမှားစွာ ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Kyaw Win Maung ချယ်နယ်က “SSPP/SSA အဖွဲ့များမှ နောင်ချို၊...

Latest news