ကျောက်မဲမြို့နယ် ကျွန်းပင်ခုတ်သည် ဟု အမျိုးသမီးအပါအဝင် အရပ်သား (၁၇)ဉီးကို TNLA ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် အမျိုးသမီးအပါအဝင် အရပ်သား ၁၆ဉီးကို ကျွန်းပင်ခုတ်သည့်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၁)ရက် မှ ယနေ့ (ဇန်နဝါရီ ၂၃)ရက်အထိ TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊ နောင်ပိတ် စသည် အရပ်သားများကို ကျွန်းပင်ခုတ်သည်ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီးမှုများပြုလုပ်နေကြောင်း ကျောက်မဲဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျွန်းပင်ခုတ်လို့ဆိုပြီး လိုက်ဖမ်းနေတာ။ အသက်ကြီးသူရော ငယ်သူရော အမျိုးသမီးရော အကုန်လုံးကိုဖမ်းနေတာ။ တချို့ကျတော့ ပြေးတယ်။ တချို့ကျတော့ ဖမ်းခံရတယ်။ အခုဆိုရင် ရွာမှာ အမျိုးသားတွေ မရှိသလောက်ပါပဲ။ ရုတ်တရက်ဝင်ဖမ်းတယ်။ ရွာလူကြီးလည်း ဖမ်းသွားတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

TNLA

ယနေ့ထိ TNLA ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် စာရင်းများတွင် ကလေး တစ်ဉီး အမျိုးသား (၁၂)ဉီး နှင့် အမျိုးသမီး ၄ဉီး ပါဝင်ကြောင်း၊ ထိုဖမ်းဆီးခံရသူများကို TNLA က နောင်ချိုမြို့ ရဲစခန်းတွင် ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားကြောင်း သိရသည်။

“လုံကြိမ်ကျွေရွာ အုပ်ချုပ်ရေးမှုးကိုလည်း TNLA က လက်ထိပ်ခက်ပြီးတော့ တအိမ်တက် တအိမ်ဆင်း လိုက်ပိုခိုင်းပြီး ဖမ်းနေတယ်။ လုံကြိမ်ရွာသွားတွေကတော့ ထွက်ပြေးကြပြီ မနေရဲကြဘူး။ အခုက TNLA ကရွာထဲ ဝင်မွှေနေတော့ စာရင်းယူဖို့ကခက်တယ်။ ဖမ်းခံထားရတဲ့လူတွေက ဒီထက်များတယ် ”ဟု နောင်ချို ဒေသခံအမျိုးသားတစ်ဦးပြောသည်။

TNLA ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ မြင်ကွင်း

ကျောက်မဲမြို့နယ်အတွင်းစစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင်း နေအိမ်အမြောက်အများပျက်စီးခဲ့သည်။ ထို့ကြောင့် ကျောက်မဲဒေသခံများသည် နေအိမ်ကို ပြင်ဆင်ရန် အတွက် သစ်ပင်သွားရောက်ခုတ်ယူခြင်းဖြစ်သည်။

ထိုကျွန်ပင်များသည် ယခင်အစိုးရလက်ထက်တွင် စီမံချက်ဖြင့် မဖြစ်မနေ အိမ်တိုင်းစိုက်ခဲ့သည့် အပင်များဖြစ်ပြီး၊ ယခင်တွင်လည်း အိမ်ဆောက်လုပ်ခြင်း၊ ဒေသခံများ လိုအပ်ပါက သက်ဆိုင်ရာမှ အသုံးပြုခိုင်းကြောင်း၊ ကျွန်းပင်ကို ခုတ်မရောင်းဘဲ မိမိနေထိုင်သည့်နေအိမ်အတွက် အသုံးလိုအပ်လျှင် ခုတ်ယူနိုင်ကြောင်းလည်း ခေတ်အဆက်ဆက်က သတ်မှတ်ခဲ့သည်။

“ ဒီကျွန်းပင်တွေက ဒေသခံတွေစိုက်ခဲ့တာပဲ။ ရောင်းစားတာမဟုတ်ရင် ခုတ်ပြီးသုံးလို့ရတယ်။ နောက်ပြီး အဝေးကို သွားမခုတ်တာကလည်း မြေမြုပ်မိုင်းကြောက်လို့လေ။ အခုက ဒေသခံတွေခုတ်တယ်ဆိုတာကလည်း အိမ်အတွက်ခုတ်ကြတာပါ” ဟု ကျောက်မဲဒေသခံအမျိုးသမီးက ထပ်လောင်းပြောသည်။

လက်ရှိ ကျွန်းခုတ်သည့်သူများကို ဖမ်းဆီးမှုများနှင့် ပတ်သက်၍ တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တို့၏ သက်ဆိုင်ရာ ဝာာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားပါသော်လည်း ပြန်လည်းဖြေကြားခြင်းမရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA မှ ကျောက်မဲမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဩဂုတ်လ (၆) ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...