ကျောက်မဲမြို့ပေါ် (၆)ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ် နှစ်နေရာသို့ စစ်ကောင်စီတပ်မှ တစ်မနက်တည်းတွင် လေကြောင်းဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် ပိန္နဲကုန်းနှင့် မန်ကောင်းမူး နှစ်နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝါဆိုကျောင်းနား ၁ လုံး၊ ကြက်ခြံနား ၁ လုံး၊ ကြက်ငါးကောင် ချောင်းဆိုးပျောက်ဆေး အိမ်အနောက် ၁ လုံးနဲ့ဆို ပိန္နဲကုန်းဘက် ၃ လုံး ချသွားတယ်။ အမက (၁၃) ကျောင်းဘက်နဲ့ဆို အားလုံးပေါင်း (၄) လုံး တစ်မနက်တည်း ခံရတာ” ဟု ကျောက်မဲမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် အသက် (၆၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂) အိမ်၊ ဇလပ်ဝါ အချိုခြောက်စက်ရုံ၊ ကား(၃) စီးနှင့် ဆိုင်ကယ် (၅) စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဘက်မှ ထုတ်ပြန်သည်။

အလားတူ ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းတွင်လည်း ကျောက်မဲမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ခရိုင်ရဲရုံးနှင့် ခိုမုန်းကျေးရွာရှိ ဟိုတယ်ကောလီ သုံးနေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုစစ်ဘေးရှောင်များထဲမှ တစ်ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ပေါ် (၆)ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

“အဘက်ဘက်ကို ပြောချင်တာတော့ ပြည်သူတွေရှိတဲ့နား ဘယ်စစ်သားမှ အကာအကွယ်ယူပြီး မနေကြဖို့ပေါ့။ အခု ဗုံးကြဲခံရတာဆို ၆ ခါမက ရှိနေပြီ၊ မြို့ထဲနဲ့ ပြည်သူနေတဲ့ နေရာတွေပဲ ထိတယ်။ နောင်ချို ဂုတ်ထိပ်ဘက် စကစ ပြန်ရလို့ ကျောက်မဲဘက် စစ်သားတွေ တက်လာရင် တိုက်ပွဲထပ်ဖြစ်ပြီး ထပ်ပြေးရမှာ ကြောက်တယ်” ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၄) ရက်မှ ဇူလိုင်လ (၁၂) ရက်အထိ သုံးပတ်အတွင်း ကျောက်မဲမြို့တွင် (၆) ကြိမ်၊ သီပေါမြို့တွင် (၁) ကြိမ် လေကြောင်းဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၀) ဦးထက်မနည်း သေဆုံး၍ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ် (၆)ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

လက်ရှိတွင် တောင်ခမ်းဒေသဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် နောင်ချိုမြို့တောင်ဘက် ကုန်းစံရွာအနီးရှိ မြို့ဝင်ဆိုင်းဘုတ်အထိ ချဉ်းကပ်ရောက်ရှိလာပြီး ဂုတ်ထိပ်ဘက်သို့ ဆက်လက်ထိုးဖောက်လျက်ရှိခြင်းကြောင့် မကြာမီရက်ပိုင်းအတွင်း ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ် ချီတက်သွားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...