ကျောက်မဲ – ရပ်စောက်မြို့ကြားရှိ စစ်ကောင်စီ ဂိတ်များ စစ်ဆေး၊ငွေတောင်းခံ ကြမ်းနေ

သျှမ်းပြည် ကျောက်မဲ – ရပ်စောက်သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပြီး ငွေတောင်းခံမှုများ ယခင်ကထက်ပိုကြမ်းနေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့မှ ရပ်စောက်မြို့ သို့သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ‌ မှစတင်၍ စစ်ဆေးမှုများတင်းကြပ်နေပြီး ငွေတောင်းခံမှုများကြမ်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ ဂိတ်ပါပဲ ၂၀ ဂိတ်လောက်ရှိတယ်။ ခရီးသည် တစ်ယောက်ကို ၅ ထောင် တောင်းတာ။တချို့ ဂိတ်တွေက ၁ သောင်း လောက်ပေးရတယ်။ဂိတ်တွေကလည်းအရမ်းများတော့ လုံခြုံရေးအတွက်တောင် တော်တော်စိုးရိမ်ရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီ ဂိတ်များတွင် နိုင်ငံသားမှတ်ပုံတင်၊ ထောက်ခံစာများအပြင် ဖုန်းများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသည်များအတွက် လုံခြုံရေးများလည်း စိုးရိမ်ရကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“ကားပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး စစ်တယ်မေးမြန်းတယ်။ဖုန်းတွေကလည်း အရမ်းစစ်တယ် အချိန်ယူပြီး စစ်တယ် ပုံတွေကအစ အကုန်စစ်တယ် ဂိတ်တိုင်းလိုလိုကို စစ်တယ်။ အရှေ့မှာစစ်ခဲ့ပြီးပြီ ပြောလည်းမရဘူး။ ထပ်စစ်တယ်။ပြီးတော့ အသေးစိပ်သူတို့သိချင်တာကို မေးတယ်။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ထိုသို့ စစ်ဆေးမေမြန်းမှုများကြောင့် ခရီးသည်များအတွက် စိတ်အနှောက်အယှက်များဖြစ်စေပြီး၊ဗထူးမြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း မူးယစ်၊လဝက ရဲနှင့် စစ်သားတို့ကလည်း ထပ်မံတင်ကြပ်စွာ စစ်ဆေးပြီး ငွေများတောင်းခံနေကြောင်း ၎င်းကပြောသည်။

ရပ်စောက်မြို့ရှိ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီးများကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဂိတ်ကိုဖြတ်လိုသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များသည် စစ်ကောင်စီတပ်မှ တောင်းသည့် ငွေပမာဏပေးနိုင်မှသာ သွားခွင့်ပြုပြီး စစ်ဆေးရေးလည်း ယခင်ကထက် ပိုတင်းကြပ်နေကြောင် သိရသည်။

ထိုပြင် ဇန်နဝါရီလတွင် ရပ်စောက်မြို့နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...