Wednesday, January 28, 2026

ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာမှုရှိ ပြည်သူများထပ်မံထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲ တင်းမာမှုကြောင့် စစ်ရှောင်များ ထပ်မံ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲခရိုင် မိုင်းငေ့ါမြို့နယ်ခွဲ ချုံးအုပ်စုရှိ ချုံးဟောင်းရွာ နှင့် ချုံးသစ်ရွာ တို့အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတင်းမာမှုရှိသောကြောင့် ရွာသား (၁၀၀) ကျော် ဇူလိုင် (၈) ရက်နေ့က မိုင်းငေါ့မြို့နယ်ခွဲရှိ...

ကျောက်မဲမြို့နယ် အမျိုးသမီး(၂)ဦး မိုင်းနင်းမိ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ လွယ်အန်တင်း ကျေးရွာ အုပ်စု ကောင်းခါးကျေးရွာအနီး တောင်ယာလုပ်နေသည့် အမျိုးသမီး နှစ်ဦး မိုင်းနင်းမိကာ တစ်ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၇) ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်တွင်...

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ လက်ဖက်ခြံသွားလမ်းပေါ် ဆူးထောင်ချောက်များရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ လက်ဖက်ခြံနှင့် လမ်းမကြီးလမ်းဘေးတွင် ဝါးဖြင့်ပြုလုပ်ထားသည့် ဆူးထောင်ချောက်များတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်တွင် RCSS နှင့် TNLA ၊ SSPP တို့ ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေရာဖြစ်ပြီး၊ လက်ရှိ ဝါးဖြင့် ပြုလုပ်ထားသည့် ဆူးထောင်ချောက်တွေ့ရှိသည့်နေရာသည် RCSS တပ်စခန်းအနီးဖြစ်ကြောင်း...

ကျောက်မဲမြို့နယ် တော့ဆန် အတွင်း တိုက်ပွဲထပ်မံဖြစ်မှာကို စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက် လက်နက်ကိုင် တပ်ဖွဲ့များရှိနေသေးသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အနီးတွင် ဇူလိုင် ၁ရက် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ ( RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA )၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (...

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲပြန်ဖြစ် ဒေသခံ (၈၀၀)ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် စစ်ရှောင် (၈၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၁) ရက်နေ့ မှစတင်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် SSPP/SSA ၊TNLA ပူးပေါင်းတို့တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ မိုင်းငေါ့မြို့နယ်ခွဲသို့...

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် RCSS/SSA ယမန့်နေ့ (ဇွန် ၂၂) ညနေ ( ၆) နာရီဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသည် (၁) နာရီကျော်ကြာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ...

ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူပြောင်းလာပြီး ကျောက်မဲမြို့က အရင်နဲ့မတူတော့ဘူး။ ၂၄...

ကျောက်မဲမြို့နယ် ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ အမျိုးသား တဦးသေ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာရှိ နေအိမ်ပေါ် တလုံးပေါ် ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား တဦးသေဆုံးကာ၊ အမျိုးသမီး (၂)ဦး ကျည်ထိမှန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲ ပိတ်မိနေဆဲ ဟု သတင်းရရှိသည်။ ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းမှစကာ...

ကျောက်မဲမြို့နယ် အမျိုးသားတဦး မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာနေထိုင်သည့် အမျိုးသား တဦးသည် ယမန်နေ့ (ဇန်နဝါရီ ၂၆)ရက် ညနေပိုင်းတွင် မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းအချိန်တွင် ညောင်မောင်းကျေးရွာနေသူ အသက် (၃၅) နှစ်အရွယ် အမျိုးသားတဦး မြင်းသွားရှာရာ မိုင်းနင်းမိကြောင်း ဇိဝိတ...

ကျောက်မဲမြို့နယ်တွင် အမျိုးသမီးတဦး တူမီးသေနတ် ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲရှိ လက်ဖက်ခြံတွင် ပေါင်းရှင်းနေသည့် အသက် (၅၅) အရွယ် အမျိုးသမီးတဦး တူးမီးသေနတ် ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၇) ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အောက်ဈေးရပ်ကွက်နေ အသက် (၅၅)...

Latest news