ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲပြန်ဖြစ် ဒေသခံ (၈၀၀)ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် စစ်ရှောင် (၈၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၁) ရက်နေ့ မှစတင်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် SSPP/SSA ၊TNLA ပူးပေါင်းတို့တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ မိုင်းငေါ့မြို့နယ်ခွဲသို့ ဒေသခံ (၈၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ထပ်ပြေးလာတဲ့သူတွေလည်း ရှိသေးတယ်။ စာရင်းက မတိကျသေးဘူး။ လက်ရှိတော့ ဒေသခံတွေကပဲ ကျွေးမွေးထားတယ်။ အစားအသောက်ပိုင်းတွေ အဝတ်အစားတွေ ဆေးဝါးတွေ လိုအပ်တယ်။ တချို့ ဘာမှ မရလာဘူး” ဟု အသက် (၄၀) ဝန်းကျင် စစ်ဘေးရှောင်သူများကို ကူညီပေးသည့် အမျိုးသား တစ်ဦး ကပြောသည်။

အဆိုပါ စစ်ရှောင်များသည် မိုင်းငေါ့မြို့နယ်ခွဲရှိ မန်ပင့်ဘုန်းကြီးကျောင်း၊ ကွန်ကောက်ကျေးရွာ၊ ရွာမနမ့်ဆုန် ဘုန်းကြီးကျောင်း နှင့် ဆွေမျိုးအိမ်များ တစ်ချို့ စစ်ရှောင်များ လာရောက်ခိုလှုံနေကြကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲဖြစ်လာတာက ကြာပြီ။ ဇွန် (၃၀) နဲ့ ဇူလိုင် (၁) ရက်နေ့က တိုက်ပွဲပြင်းထန်လာလို့ ဒေသခံတွေ မနေရဲလို့ ထွက်ပြေးလာကြတာ။ တော့ဆန် နဲ့ မိုင်းငေါ့ ထိ လမ်းလျှောက်လာတယ်။ ဆိုင်ကယ်နဲ့ဆိုရင် (၄၅) မိနစ်လောက်ရှိမယ်။ လမ်းလျှောက်ရင် ၂ နာရီကနေ ၃ နာရီထိ ရှိမယ်” ဟု တော့ဆန်ဒေသခံ တစ်ဦး ကပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် TNLA ၊ SSPP/SSA နှင့် RCSS/SSA တို့သည် တော့ဆန်ကျေးရွာအုပ်စု အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော့ဆန်ဒေသခံများ (၆) လကျော်ကြာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးသည့် စစ်ရှောင်များလည်း ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးသည့် ပရဟိတအဖွဲ့များလည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ နှင့် နိုင်ငံရေး အခြေနေ ရှုပ်ထွေးနေမှုကြောင့် အခက်ခဲဖြစ်နေကြောင်း ကျောက်မဲဒေသခံ များကပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...