ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာမှုရှိ ပြည်သူများထပ်မံထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲ တင်းမာမှုကြောင့် စစ်ရှောင်များ ထပ်မံ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲခရိုင် မိုင်းငေ့ါမြို့နယ်ခွဲ ချုံးအုပ်စုရှိ ချုံးဟောင်းရွာ နှင့် ချုံးသစ်ရွာ တို့အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတင်းမာမှုရှိသောကြောင့် ရွာသား (၁၀၀) ကျော် ဇူလိုင် (၈) ရက်နေ့က မိုင်းငေါ့မြို့နယ်ခွဲရှိ စစ်ရှောင်စခန်းသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

“လက်ရှိ မိုင်းငေါ့က စစ်ရှောင် စခန်း (၇) ခုလောက်ရှိသွားပြီ။ ခုလောလောဆယ် စစ်ရှောင် (၇၀၀) ကျော် ရှိသွားပြီ။ ဒီနေ့ ထပ်ရောက်ရင်တော့ ထပ်တိုးလာမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အသက် (၃၀) ကျော်အမျိုးသား တစ်ဦး ကပြောသည်။

ဇူလိုင် (၁) ရက်နေ့မှ စတင်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ ပူးပေါင်းတိုက်ပွဲဖြစ်ပွားကာ ဒေသခံများ မိုင်းငေါ့မြို့နယ်ခွဲသို့ ဒေသခံ (၆၅၀) ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

“ဒီနေ့ ထပ်ရောက်ဖို့ ရှိသေးတယ်။ မနေ့ နဲ့ ဒီနေ့ ရောက်မှာက (၃၀၀) ကျော်လောက် ရှိတယ်လို့ သိရတယ်။ တိုက်ပွဲက တင်းမာမှုတွေရှိနေသေးတော့ ရွာမှာမနေရဲတော့လို့ ထွက်ပြေးလာကြတာ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အသက် (၃၀) ကျော် အမျိုးသား တစ်ဦး ကပြောသည်။

လက်ရှိတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါများလည်း ဂရုစိုက်ရန် လိုအပ်သဖြင့် စစ်ရှောင်များထံ သွားရောက်လှူတန်းရာတွင် လည်း နှာခေါင်းစည်းများ၊ face shield များတပ်သွားရန် လိုအပ်ကြောင်း ကျောက်မဲစစ်ရှောင်ကော်မတီဝင် တစ်ဦးကပြောသည်။

“ကျနော်တို့ ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ စစ်ရှောင်တွေဆီ အားပေးစကားပြောရင်လည်း လက်တွေ မကိုင်မိစေနဲ့ ပြီးတော့ မဖက်မိစေနဲ့ပေါ့နော်။ ပြီးတော့ အလှူရှင်တွေလည်း နှာခေါင်းစည်းတွေ တပ်ရမှာပေါ့နော်” ဟု စစ်ရှောင်ကော်မတီဝင် တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ရှောင်များအတွက် စားနပ်ရိကာနှင့် အမျိုးသမီး အသုံးအဆာင် လုံလောက်မှုရှိပေမယ့် ဒီထက်ရက်ကြာသွားလျှင် အခက်ခဲဖြစ်လာနိုင်ကြောင်း ကော်မတီ ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ စစ်ရှောင် (၃၀၀၀) ကျော်၊ မိုင်းကိုင်မြို့နယ် (၃၇၀) ကျော် နှင့် သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲမှာ (၇၀၀) ကျော် တို့သည် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား စားပွဲပေါ် တွေ့ဆုံပြီး စစ်ရေး ပဋိပက္ခပြဿနာ ကို ဖြေရှင်းရန် RCSS/SSAက ယမန်နေ့ (ဇူလိုင် ၈)ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...