ကျောက်မဲမြို့နယ် တော့ဆန် အတွင်း တိုက်ပွဲထပ်မံဖြစ်မှာကို စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက် လက်နက်ကိုင် တပ်ဖွဲ့များရှိနေသေးသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အနီးတွင် ဇူလိုင် ၁ရက် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ ( RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA )၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ရှောင် (၈၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ရှိမှာ တိုက်ပွဲရပ်တန့်ထားသော်လည်း ကျေးရွာအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိနေသေးသဖြင့် စစ်ရှောင်ပြည်သူများက စိုးရိမ်ကြောင့်ကြကာ နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

“ ကျနော်တို့မပြန်ရဲသေးဘူး။ တော့ဆန်ဖက် မဟာမိတ်တွေရှိနေသေးတယ်။ တိုက်ပွဲတော့ မဖြစ်တော့ဘူး။ သူတို့တွေရှိနေသေးလို့ ကျနော်တို့ မပြန်ရဲသေးဘူး။ သူတို့ စစ်သားကောက်မှာလဲကြောက်တယ်။ ” ဟု စစ်ရှောင် အမျိုးသားတစ်ဦး က ပြောသည်။

ထို့အပြင် ကျေးရွာအတွင်း တပ်သားများရှိနေသေးသဖြင့် ရွာထဲတွင် ကျန်ရှိနေသေးသည့် မသန်စွမ် ပြည်သူ (၉ )ဦး ကိုသွားရောက်မခေါ်နိုင်သေးကြောင်း လည်း သိရသည်။

“ ရွာထဲမှာ မသန်စွမ်း ဖြစ်နေတဲ့ သူ (၉) ဦးကျန်နေသေးတယ်။ ကျနော်တို့ မသွားခေါ်လာရဲသေးဘူး။ သူတို့ကို စိတ်ပူရတယ်။ ကျနော်တို့သူတို့သွားခေါ်ဖို့ခက်နေသေးတယ်” ဟု စစ်ရှောင် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ကျေးရွာဖက်တွင် ရှိ ၊ မရှိ ကို အသေးစိတ်မသိရှိရသေးကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲကတော့ မဖြစ်တာ ၂ ရက်ရှိပြီး။ တပ်သားတွေအဲ့ဘက်ရှိ၊မရှိကိုတော့ ကျနော်တို့ အသေးစိတ်မသိရှိရသေးဘူး။ RCSS ဖက်ကနေ ထိုးစစ်လာရင်တော့ တိုက်ပွဲပြန်ဖြစ်နိုင်တယ်” TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် TNLA ၊ SSPP/SSA နှင့် RCSS/SSA တို့သည် တော့ဆန်ကျေးရွာအုပ်စု အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော့ဆန်ဒေသခံများ (၆) လကျော်ကြာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးသည့် စစ်ရှောင်များလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...