ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေး ဒဏ်မှ တိမ်းရှောင်ထွက်ပြေးလာသည့် ဒေသခံ(၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TSLF/TNLA) ပူးပေါင်းတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာသူ/ရွာသား များ ထွက်ပြေးတိမ်းရှောင်လာခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲကလည်း မငြိမ်သေးတော့ စစ်ဘေးရှောင်တွေကလည်း များလာပါတယ်၊ အခု စစ်ဘေးရှောင် ၁၀၀၀ နီးပါးမှာ ကလေးနဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်၊ အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်း တွေလည်း အများကြီး လိုအပ်နေပါတယ်၊ ဆေးဝါးကုသမှုကလည်း အရေးကြီးလိုအပ်နေပါတယ်” ဟု စစ်ဘေး ရှောင်များကို ကူညီပေးနေသည့် နမ့်ခုံးရှမ်းများ ပရဟိတ အသင်းကသျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်လာသူများ အများစုသည် ဘုန်းကြီးကျောင်းများ နှင့် ပိတ်ထားသည့် စာသင်ကျောင်းများတွင် တည်းခိုနေကြရပြီး နှင့် တချို့သူများကလည်း မြို့ပေါ်ရှိအမျိုးများ နေအိမ်သို့ ခိုလှုံနေထိုင်ကြရကြောင်း လည်း သိရသည်။

“မြို့ပေါ်မှာ ဆွေမျိုးရှိနေတဲ့သူကျတော့ ဆွေမျိုးအိမ်မှာ ခိုလှုံကြတာပေါ့၊ အများစုကတော့ ဘုန်းကြီးကျာင်း မှာပဲ ရှိကြတယ်၊ အခုမှာ စစ်ဘေးရှောင်တွေ အရေးကြီးလိုအပ်နေတာက အစားအသောက်ပေါ့၊ ကလေးနဲ့ အမျိုးသမီးတွေ များတဲ့အတွက် သူတို့အတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်၊ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်” ဟု နမ့်ခုံး ပရဟိတ ရှမ်းများအသင်းမှ စိုင်းဟန်လျန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကျေးရွာခံတွေဟာ တော့ဆန်ကျေးရွာအုပ်စု တော့ဆန်၊ ကလောဝိုင်း၊ မိုင်းကုန်း၊ ချုံးကျေးရွာအုပ်စု နမ့်ဖြစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာ၊ ချုံးသစ်ကျေးရွာ နှင့် ညောင်းမောင်း ကျေးရွာမှ ရွာသူ/ရွာသားများဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ကတည်းက စခဲ့သည့် တိုက်ပွဲသည် ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုများရှိနေကြပြီး စစ်ဘေးရှောင်များအတွက် အလှူရှင်များကလည်း ခါတိုင်းများထက် လျှော့နည်းလာသည့်အတွက် ရေရှည် တိုက်ပွဲဖြစ်ပွားမည် ဆိုပါက စစ်ဘေးရှောင်ပြည်သူများအတွက် ရေရှည်တောင့်ခိုင်နိုင်ဖို့ ခက်ခဲကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...