ကျိုင်းတုံ

စစ်အုပ်ချုပ်မှုရက် (၁၀၀) အတွင်း ကျိုင်းတုံတွင် လောင်းကစားရုံ ဖွင့်ခွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ အုပ်ချုပ်သည့် ရက်(၁၀၀) အတွင်း လောင်းကစားရုံများ ဖွင့်ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။ ယနေ့ (မေ ၁၀) သည် စစ်အာဏာသိမ်းမှု ရက်(၁၀၀)ပြည့်သည့်နေရက်ဖြစ်ပြီး၊ ထို ရက် ၁၀၀ အတွင်း စစ်ကောင်စီ မှ ကျိုင်းတုံမြို့နယ် တွင် လောင်းကစားရုံများ...

ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (မေ ၉ )ရက် မနက် ၄နာရီ တွင် ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကျိုင်တုံမြို့ ယမန်နေ့ မနက် ၄နာရီ ခွဲခန့်တွင် ကျိုင်းတုံမြို့-မိုင်းယန်းလမ်းတွင် အသက် (၅၁)နှဏ် အရွယ်ရှိ အမျိုးသမီး တဦး...

ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊...

ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ချိန်ပြီးဖမ်းခေါ်သွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့ဝင်တဦး ဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီ မှ ယနေ့ (ဧပြီ ၂၃)ရက် မနက်ပိုင်း (၁၁) နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းငယ် ကို...

ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ယမန်နေ့ (ဧပြီ ၆)ရက် ၌ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ လူငယ်(၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၆)ရက်တွင် ဖမ်းဆီးခံရသည့် လူငယ် (၂)ဦးမှာ ကိုဖြိုဝေစိုး နှင့် ကိုစောကျော်သူရတို့ဖြစ်ကြပြီး မည်သည့် ကိစ္စကြောင့်...

စစ်အာဏာရှင်ဆန့်ကျင်သည့် ကျိုင်းတုံမှ ၁၄ဦး မလွှတ်သေး

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး ယနေ့ထိ မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦးထဲတွင် အမျိုးသမီး (၇)ဦးပါဝင်နေကြောင်း သိရသည်။ “ ဖမ်းခံရတဲ့သူအများစုက လူငယ်တွေ ၊ အရပ်သားတွေ နောက် လူမှုပရဟိတ လုပ်နေသူတွေပါ။...

ကျိုင်းတုံ စက်မှုဇုန် ပြုလုပ်ရန် သိမ်းဆည်းခံ မြေကိစ္စ ညှိနှိုင်းမှုအဆင်မပြေ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ စက်မှုဇုန်ပြုလုပ်ရန် အတွက် နောင်ငင်းကျေးရွာတွင် သိမ်းဆည်းခံရသည့် မြေဧက ၅၅ နှင့် ပတသက်ပြီး သက်ဆိုင်ရာနှင့် မြေရှင်များ ညိနှိုင်းမှု အဆင်မပြေးသေးကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် နောင်ငင်းကျေးရွာ မြေ ၅၅ ဧက နှင့်...

ကျိုင်းတုံစက်မှုဇုန်အတွက် မြေသိမ်းခံရမှုကို မကန့်ကွတ်ရန် ခြိမ်းခြောက်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာ ဒေသခံပိုင်ဆိုင်သည့် မြေများကို သိမ်းဆည်းပြီး စက်မှုဇုန် တည်ဆောက်မည်ဖြစ်သဖြင့် ဒေသခံများကို မကန့်ကွတ်ရန် သက်ဆိုင်ရာ အာဏာပိုင် မှ လာရောက် ခြိမ်းခြောက်ခဲ့ကြောင်း ဟု စုံစမ်းသိရသည်။ ယခုလ ၁၄ရက်တွင် ကျိုင်းတုံမြိ့နယ် နောင်ငင်းကျေးရွာမှ ဒေသခံများကို အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်ကာ အစိုးရမှသိမ်းမည့်...

၂ ပတ်အတွင်း သျှမ်းပြည်အရှေ့ပိုင်းတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀၄ ဦးအထိရှိလာ

သျှမ်းပြည်အရှေ့ပိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၄ ဦးရှိလာကြောင်း စုံစမ်းသိရှိရသည်။ ထိုအနက်တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာအများဆုံးရှိ နေသဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်အသွားအလာကန့်သတ်မှုလည်းအများဆုံးရှိနေသည်ဟုသိရသည်။ “သျှမ်းအရှေ့မှာ တာချီလိတ်က ၇၅ယောက်၊ မိုင်းတုံ ၇ယောက်၊ မိုင်းယောင်း ၇ယောက်၊ မိုင်းပျဉ်း ၃ ယောက်၊ မိုင်းယန်း...

ကျိုင်းတုံ တွင် အသက် (၈)နှစ် ကလေးတဦးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ ပိုးတေ့ွလူနာနှင့် ထိတွေ့ခဲ့သည့် အသက် (၈)နှစ် အရွယ် ကလေး တဦးထံတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တာချီလိတ်က ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာသည် ကျိုင်တုံမြို့တည်းခိုခန်းတွင် တစ်ညတည်းခဲ့ပြီး၊ ယနေ့ (နိုဝင်ဘာ ၂၆...

Latest news