Wednesday, January 28, 2026

ကျိုင်းတုံသို့လာမည်သူ မိမိစရိတ်ဖြင့် Quarantine (၁၀) ရက်ဝင်ရမည်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ လာရောက်မည်ဆိုပါက မိမိစားစရိတ်ဖြင့် Quarantine ( ၁၀ )ရက် ဝင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီး၊ တာချီလိတ်နှင့် သျှမ်းမြောက်မှ လာမည်သူများ အားလုံး Quarantine ထားရှိသွားမည်ဖြစ်ပြီး Quarantine ဝင်နေစဉ် ကာလအတွင်း နေထိုင်စားသောက် စားရိတ်များ အားလုံးကို မိမိစားစရိတ်ဖြင့် ဝင်ရမည် ဖြစ်ကြောင်း သိရသည်။

“အခုတော့ အခမဲ့ မဖြစ်တော့ဘူး၊ ကျိုင်းတုံကို လာတဲ့သူတိုင်း ကိုယ့်စရိတ်နဲ့ကိုယ်ကွာရန်တင်း ၁၀ ရက်ပြည့်အောင် ဝင်ရမယ်၊ ထောက်ခံစာလည်း ယူလာရမယ်” ဟု ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Quarantine ဝင်ရသူများအနေဖြင့် Quarantine ဝင်နေစဉ် ကာလတအတွင်း ၂ ကြိမ် ဆေးစစ်မှု ပြုလုပ် ရမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင်လည်း ကျိုင်းတုံမြို့ အတွင်း ကိုဗစ် -၁၉ ကူးစက်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု များပြားလာနေ သည့်အတွက် အသွားအလာ ကန့်သတ်ချက်များလည်း တင်းကြပ်စွာပြုလုပ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...