ကျိုင်းတုံ စက်မှုဇုန် ပြုလုပ်ရန် သိမ်းဆည်းခံ မြေကိစ္စ ညှိနှိုင်းမှုအဆင်မပြေ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ စက်မှုဇုန်ပြုလုပ်ရန် အတွက် နောင်ငင်းကျေးရွာတွင် သိမ်းဆည်းခံရသည့် မြေဧက ၅၅ နှင့် ပတသက်ပြီး သက်ဆိုင်ရာနှင့် မြေရှင်များ ညိနှိုင်းမှု အဆင်မပြေးသေးကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် နောင်ငင်းကျေးရွာ မြေ ၅၅ ဧက နှင့် ပတ်သက်ပြီး မြို့နယ် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး မှ မြေရှင် ၂၃ဦးကို ခေါ်ဆိုကာ တဦးလျှင် ပေ (၈၀)ပြန်ပေးမည်ဟု ညှိနှိုင်းခဲ့သော်လည်း မြေရှင်များက သဘောမတူညီ ခဲ့ကြောင်း ကျိုင်းတုံမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး လုံးစိုင်းကျောက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဇန်နဝါရီ (၆)ရက် က မြို့နယ်မှူး က ရွာသူကြီးနဲ အုပ်ချုပ်ရေးမှု ကိုခေါ်သွားတယ်။ မြေဧက ၅၅ ဧက ပိုင်တဲ့ ၂၃ဦး၊ တစ်ယောက်ကို ပေ ၈၀ ပတ်လည်ပေးမယ်လို့ ညှိုနှိုင်းလာခဲ့တယ်။ အဲဒါ ကျနော်တို့ သဘောမတူပါဘူး” ဟု က လုံးစိုင်းကျောက် က ပြောသည်။

အဆိုပါ မြေကို တစ်ဦးလျှင် ပေ ၈၀ ပေးရာတွင် မယူပါက တစ်ခြားနည်းဖြင့် ကိုင်တွယ်သွားဖို့ရှိကြောင်း ဒေသခံများကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုမြေဧကပေါ် နှစ်ပေါင်းများစွာ ရှာဖွေစားသောက်လာသည့်အတွက် မြေကို သိမ်းဆည်းလိုက်ပါက ပြည်သူများအနေ ဖြင့် ရှာဖွေစားသောက်ရာတွင် အခက်အခဲများစွာ ရှိလာနိုင်ကြောင်း နောင်ငင်းကျေးရွာ ဒေသခံ အမျိုသား တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အခု ၂၃ ဦးထဲမှာဆိုရင် တချို့က သားသမီး ၈ ယောက်လောက်ရှိတယ်။ တခုခုလုပ်ဖို့ဆိုရင်လည်း ဒီမြေကိုပဲအားကိုးရတယ်။ ဒီမြေမရှိရင် ဘာမှလုပ်လို့မရတော့ဘူး။ ဘာမှ မျှော်လင့်လို့ရတော့ဘူး” ဟု အထက်ပါ အမျိုးသား က ထပ်လောင်းပြောသည်။

နောင်ငင်းကျေးရွာရှိ မြေကို ဒီဇင်ဘာလ ၁၃ ရက်နေ့က တစ်ကြိမ် လာရောက်သိမ်ဆည်းပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှ ပြည်သူများကို မကန့်ကွက်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။
ကျိုင်းတုံ နောင်ငင်းကျေးရွာ ဒေသခံပိုင် မြေများကို ၁၉၉၅ ခုနှစ်တွင်လည်း တြိဂံတိုင်းစစ်ဌာနချုပ်မှသိမ်းဆည်းခဲ့ပြီး ဒေသခံများ ပြန်လည် တောင်းဆိုမှုကြောင့်၂၀၁၆ခုနစ်တွင် ဒေသခံများကို ပြန်လည်ပေးခဲ့သည်။

သို့သော် ထိုပြန်ပေးသည့်မြေကွက်များစာရွက်စာတမ်း ပုံစံ(၇)များကို အုပ်ချုပ်ရေးမှူးရုံးတွင် သိမ်းဆည်းထား ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...