စစ်အုပ်ချုပ်မှုရက် (၁၀၀) အတွင်း ကျိုင်းတုံတွင် လောင်းကစားရုံ ဖွင့်ခွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ အုပ်ချုပ်သည့် ရက်(၁၀၀) အတွင်း လောင်းကစားရုံများ ဖွင့်ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။

ယနေ့ (မေ ၁၀) သည် စစ်အာဏာသိမ်းမှု ရက်(၁၀၀)ပြည့်သည့်နေရက်ဖြစ်ပြီး၊ ထို ရက် ၁၀၀ အတွင်း စစ်ကောင်စီ မှ ကျိုင်းတုံမြို့နယ် တွင် လောင်းကစားရုံများ ဖွင့်ခွင့်ပြုလိုက်သဖြင့် ကျိုင်းတုံပြည်သူများက စိုးရိမ်မှုများစွာ ရှိနေသည် ဟု သိရသည်။

လောင်းကစားဖွင့်ခွင့်ပြုထားသည့် နေရာများမှာ ကျိုင်းတုံမြို့နယ် ကတ်ဖှကျေးရွာအုပ်စု၊ ယန်းကိန်ကျေးရွာအုပ်စု၊ မိုင်းလန်းကျေးရွာအုပ်စု၊ ကတ်တောက်ကျေးရွာအုပ်စု၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ ကတ်ထိုင်းကျေးရွာအုပ်စု နှင့် လွယ်လုံကျေးရွာ အုပ်စု ဖြစ်သည်။

ထိုလောင်းကစားနေရာကို ကျေးရွာတွင် နေထိုင်သည့် လူငယ်အများအပြား သွားရောက် ကာ လောင်းကစား ပြုလုပ်ကြကြောင်း ကျိုင်းတုံဒေသခံ အသက် (၃၅)နှစ် အရွယ် အမျိုးသား တဦး ကပြောသည်။

“သျှမ်းတိုင်းရင်းသားတွေက လောင်းကစားကြိုက်တော့ လောင်းကစားပေးလုပ်ရင် အာဏာဖီဆန်တာတွေ မရှိတော့ဘူးဆိုတာ စစ်ကောင်စီတွေက သိထားတဲ့အတွက်ကြောင့် လောင်းကစားတွေ ပေးလုပ်တယ်လို့ပဲ မြင်တယ် ” ဟု ကျိုင်းတုံ အမျိုးသား ကပြောသည်။

စစ်ကောင်စီ သည် သျှမ်းလူငယ်များ နိုင်ငံရေး စိတ်မဝင်စားရန် နှင့် သျှမ်းလူငယ်ဘဝ ပျက်စီးရန် ရည်ရွယ်ပြီး လောင်းကစားရုံကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ လောင်းကစားရုံ၏ နောက်ကွယ်တွင်လည်း စစ်ကောင်စီ လက်နက်ကိုင်များရှိနေသဖြင့် မည်သူတဦးတယောက်မှ ကန့်ကွက်မှု မပြုလုပ်ရဲကြောင်းလည်း ကျိုင်းတုံဒေသခံပြည်သူများက ပြောသည်။

“ဒီလိုလောင်းကစားလုပ်တာက လူငယ်တွေ အကျင့်ပျက်စားပြီး အိမ်ထောင်ရေး ပြသာနာတွေများလာနိုင်တယ်။ လောင်းကစားများရင် မူးယစ်ဆေးဝါးတွေလည်း ပေါများလာမယ်။ ဒါ တမြင်လုပ်တဲ့သဘောပါပဲ”ဟု ကျိုင်းတုံဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ နှင့် ရဲများက ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတို့ကို ပူးပေါင်းပြီး ရာသီပွဲတော်များမှာ လောင်းကစားဖွင့်လှစ်ခြင်း၊ ကျေးရွာ တစ်နေရာမှ တစ်နေရာသို့ လှည့်ပတ်ပြီး ပြုလုပ်လေ့ရှိကြောင်း ကျိုင်းတုံဒေသခံများက ပြောဆိုကြသည်။

“ လောင်းကစားမှာ သွားရောက်ကစားတဲ့သူတွေ တအားများတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကတ်တောက်ကျေးရွာအုပ်စုက လူငယ်တစ်ယောက် သွားကစားတာ သိန်း (၄၀၀) လောက် ရှုံးတယ်လို့ ကြားရတယ်။ ဒါက ကျနော်တို့ ကြားသိရသလောက်ပဲရှိသေးတယ်။ မူးယစ်ဆေးဝါးလည်း များလာတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောက်စီကို အာဏာဖီဆန်သည့် အများစုသည် လူငယ်ပိုင်း လူလတ်ပိုင်းများ ဖြစ်ကြသည့်အတွက် အာဏာဖီဆန်မှုမရှိစေရန်အတွက် လောင်းကစားခွင့်ပြုမိန့်ကို ပေးထားခြင်းဖြစ်နိုင်ကြောင်းလည်း ကျိုင်းတုံဒေသခံများကပြောဆိုကြသည်။

လောင်းကစားပွဲထဲတွင် လေးကောင်ကင်များ၊ ဖဲဝိုင်းများ၊ ကုံးကင်းများ ၊ ၃၆ ကောင်များ၊ လောင်းကစားမျိုးစုံရှိပြီး ကြက်တိုက်လည်းရှိ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...