Tuesday, January 27, 2026

စစ်အာဏာရှင်ဆန့်ကျင်သည့် ကျိုင်းတုံမှ ၁၄ဦး မလွှတ်သေး

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး ယနေ့ထိ မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ကျိုင်းတုံတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦးထဲတွင် အမျိုးသမီး (၇)ဦးပါဝင်နေကြောင်း သိရသည်။

“ ဖမ်းခံရတဲ့သူအများစုက လူငယ်တွေ ၊ အရပ်သားတွေ နောက် လူမှုပရဟိတ လုပ်နေသူတွေပါ။ အခုထိ မလွှတ်လာသေးဘူး။ စိတ်ပူနေရတယ်” ဟု ကျိုင်းတုံ ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းခံရသည့်သူ ၁၄ဦးထဲတွင် ပရဟိတ နှင့် ကျောင်းဆရာမလုပ်ဆောင်နေသည့် ဆရာမ မမီဆော(ခ) နန်းရှဲန်လာ ကို လူသိများကြသည်။

ထို့အပြင် ထိုထဲတွင် ကျောင်းသူ (၂) ဦး နှင့် ကျောင်းသား ၁ဦး ပါဝင်ကြောင်းလည်းသိရသည်။

“ ကျနော်တို့ ဖမ်းသွားတဲ့သူတွေ အားလုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ သူတို့တွေက ဘာမှ အပြစ်ရှိတာမဟုတ်ဘူး။ အခုလည်း ထောင်ထဲမှာ ဘယ်လိုနေလဲမသိဘူး။ ဘယ်လိုထားလဲမသိဘူး” ဟု ၎င်း အမျိုးသားက ပြောသည်။

လက်ရှိ အချိန်ထိ ဖမ်းဆီးခံရသူတချို့ ကို ဆက်သွယ်မရသေးကာ ဖမ်းဆီးခံရသူသည် တရားရင်ဆိုင်ရန် အတွက်လည်း အခက်အခဲဖြစ်နေကြောင်းသိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက် ၂ငါးလုံး ပြည်လုံးကျွတ် စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်ရေးတွင် ဖမ်းဆီးခံရသည့် ပျဉ်းမနားမြို့နေပြည်တော်မှ ပြည်သူ ၁၅၀ ကျော်ကို ဖေဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ထို့ကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကျိုင်းတုံပြည်သူများကိုလည်း အမြန်ပြန်လွှတ်ပေးစေချင်ကြောင်း ကျိုင်းတုံ ပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...