Saturday, May 18, 2024

ကျိုင်းတုံ ဒေသခံ (၂၀)ကို စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထား

Must read

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြပြည်သူ (၂၀)ကို စစ်ကောင်စီ မှ ဖမ်းဆီး တရားစွဲဆိုထားကြောင်း စုံစမ်းသိရသည်။

ကျိုင်းတုံမြို့တွင် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ မှ စတင်ကာ ယနေ့ (မေ ၁၈ )ရက်ထိ စစ်ကောင်စီမှ အရပ်သား (၃၀) ဖမ်းဆီးခဲ့ပြီး၊ လက်ရှိမှာ ကျိုင်းတုံ အကျဉ်းထောင်တွင် ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က) နှင့် ပုဒ်မ (၁၉ )တို့ဖြင့် တရားစွဲဆိုဖမ်းခံရသူ (၂၀) ဦး ကျန်ရှိကြောင်း ကျိုင်းတုံ ဒေသခံ ပြောပြချက် အရသိရသည်။

“ အာဏာသိမ်းပြီးနောက် မှာ ဖမ်းခံရတာ စုစုပေါင်း (၃၀)ကျော်ရှိတယ်။ တချို့ က ပြန်လွှတ်လာတယ်။ အခု ကျိုုင်းတုံထောင်ထဲမှာ တော့ တရားရင်ဆိုင်ခံနေရ ဖမ်းခံနေရတာတော့ (၂၀)ဦးကျန်သေးတယ်” ဟု ကျိုင်းတုံး ဒေသခံ တဦး ကပြောသည်။

ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသူများကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ပုဒ်မ ၅၀၅(က) နှင့် လက်နက်အက်ဥပဒေ ပုဒ်မ (၁၉) စသည့်တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူများသည် မိသားစုဝင်များနှင့် အဆက်သွယ်မရရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်ပြီးနောက်ပိုင်း မေလ ၁၇ ရက်နေ့ထိ စစ်ကောင်စီမှ သတ်ဖြတ်သူ ၈၀၂ ဦးရှိပြီး၊ ဖမ်းဆီးခံထားရသူ ၅၂၁၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားကူညီးစောင့်ရှောက်ရေး AAPP ကထုတ်ပြန်ထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article