Tuesday, January 27, 2026

ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ယမန်နေ့ (ဧပြီ ၆)ရက် ၌ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ လူငယ်(၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၆)ရက်တွင် ဖမ်းဆီးခံရသည့် လူငယ် (၂)ဦးမှာ ကိုဖြိုဝေစိုး နှင့် ကိုစောကျော်သူရတို့ဖြစ်ကြပြီး မည်သည့် ကိစ္စကြောင့် ဖမ်းဆီးသွားသည် ကို လက်ရှိ အချိန်ထိ မသိရှိသေးကြောင်း ကျိုင်းတုံမြို့ အမည်မဖော်လိုသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဖြိုးဝေစိုသည် ကျိုင်းတုံမြို့ ပါလျှံဘုန်းကြီးကျောင်းတန်းလျာရှိ ကုန်စုံဆိုင်တခုတွင် ဧပြီ (၆)ရက် နေ့လည် ၂နာရီခွဲတွင် အကြောင်းမဲ့ ဝင်ရေက်ဖမ်းဆီးသွားပြီး၊ ကိုစောကျော်သူ ကိုလည်း ထိုနေ့ ည (၉ )နာရီခန့်တွင် ခေတ္တလိုက်ခဲ့ရန်

ကျိုင်းတုံမြို့တွင် ယမန်နေ့ ဧပြီလ ၆ ရက်က လူငယ် ၂ ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားက အကြောင်းမဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ကိုဖြိုးဝေစိုးနှင့် ကိုစောကျော်သူရ တို့ဖြစ်ပြီး ဖမ်းဆီးသည့် အကြောင်းရင်းကို မသိရှိရသေးချေ။

ကိုဖြိုးဝေစိုးကို ကျိုင်းတုံမြို့ ပါလျှံဘုန်းကြီးကျောင်းတန်းလျားရှိ ၎င်းအလုပ်လုပ်နေသည့် ကုန်စုံဆိုင်တွင် ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂နာရီခွဲဝန်းကျင်အချိန်က ခေတ္တလိုက်ရန် ဆိုပြီး ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခြင်းမရှိသေးကြောင်း သိသည်။

ထိုနည်းတူ ကိုစောကျော်သူရကို ယင်းနေ့ ည ၉ နာရီခန့်က ၎င်း၏ နေအိမ်၌ လည်း ဧည့်စာရင်းစစ်မည်ဟု ပြောဆိုပြီး တံခါးဖွင့်ခိုင်းရာ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ကျိုင်းတုံဒေသခံများက ပြောသည်။

လက်ရှိဖမ်းခံရသည့် လူငယ် (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီ မှ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...