ကျိုင်းတုံမြို့မ ရဲစခန်း အချုပ်သား (၂)ဦး ကိုဗစ် ကူးစက်ခံရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မ ရဲစခန်း အချုပ်ခန်းမှ အချုပ်သား(၂)ဦး နှင့် ရဲစခန်းဝင်းအတွင်းကိုဗစ် ပိုးတွေ့ရှိသူ ၅ ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

ယမန်နေ့က ဩဂုတ်လ (၃)ရက်‌နေ့ ကျိုင်းတုံမြို့မရဲစခန်းမှ အချုပ်သား(၂)ဦး အပါအဝင်၊ ခရီးသွားခြင်း ရာဇဝင် မရှိသည့် ခရိုင်ရဲရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲစခန်းဝင် အတွင်း နေထိုင်သူ ၅ ဦးတို့တွင် ကိုဗစ် -၁၉ ပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“မနေ့က စုစုပေါင်း ၂၉ ဦးကို ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိပါတယ်၊ အဲ့ထဲမှာ ရဲစခန်းက အချုပ်သား ၂ ဦးနဲ့ အပါအဝင် ရဲစခန်းဝင်းအတွင်း စုစုပေါင်း ၅ ဦးမှာ ပိုးတွေ့တယ်၊ သူတို့က ခရီးသွားရာဇဝင်လည်း မရှိကြဘူး၊ ဒေသတွင်းကူးစက်မှုလို့ ပြောရတာပေါ့” ဟု ကျိုင်းတုံမြို့မှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံမြို့၏ ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း ဇွန်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့အထိ ကိုဗစ် – ၁၉ ကူးစက်ခံထားရသူ စုစုပေါင်း ၂၅၂ ဦး အထိရှိနေပြီး သေဆုံးသူ (၂)ဦးရှိနေသည့်အပြင် အချုပ်သားများလည်း ကူးစက်ခံရမှုရှိလာသည့်အတွက် ဒေသခံများ စိုးရိမ်ပူပန်နေရကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့က အပြင်ထွက်ခွင့်မရှိ၊ အပြင်လူနဲ့လည်း ထိတွေ့မှုမရှိကြဘဲ ဘယ်လိုဖြစ်ပြီး ကိုဗစ်ကူးစက်ခံရ လည်းဆိုတာ စဉ်းစာစရာပဲ၊ ပြီးတော့ ပြောရရင် အချုပ်သားတွေဆိုတာ ထောင်ပိုင်တွေ ရဲတွေနဲ့ပဲ ထိတွေ့ခွင့် ရှိတဲ့သူတွေလေ၊ ဆိုတော့ အချုပ်ထဲ ရောက်နေတဲ့ ပြည်သူတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ကျန်းမာရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်ပါတယ်” လို့ ကျိုင်းတုံ ဒေသခံ တစ်ဦးကပြောသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့အထိ ကျိုင်းတုံမြို့တွင် ကိုဗစ် တတိယလှိုင်း ပိုးကူးစက်ခံနေရသူ စုစုပေါင်း ၂၅၂ ဦး ရှိသည့် အနက် အချုပ်သားများလည်း ကူးစက်ခံရမှုများ ရှိနေခြင်းပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရောဂါ အခြေအနေများ ပိုပြီးဆိုးရွာလာမှု မဖြစ်ပေါ်လာစေရန် ကြပ်မတ် လုပ်ဆောင်သင့်ကြောင်း လည် ဒေသခံများက ပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...