Monday, April 29, 2024

ကျန်းမာရေး

မိုင်းရယ်မြို့ ကိုဗစ်လူနာ တိုးများလာသော်လည်း ကျန်းမာရေး စီမံကွပ်ကဲမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူကျန်းမာရေးအတွက် စီမံကွပ်ကဲမှုများ မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိမိုင်းရယ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အတည်ပြု လူနာ ( ၁၃၄) ဦးရှိလာပြီ ဖြစ်သော်လည်း မြို့နယ်မှ သက်ဆိုင်ရာ...

တာချီလိတ်ရှိ ကိုဗစ်ကူးသူများ အိမ်တွင်းကျိတ်မကုရန် မြို့ခံကျန်းမာရေး နှင့် ပရဟိတအဖွဲ့ ပြော

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် လူနာများနှင့် ရောဂါ သံသယ လက္ခဏာရှိသည့် လူနာများရှိပါက  အိမ်တွင်း ကျိတ်ပြီး ကုသမှုများ မပြုလုပ်ကြရန် ကျန်းမာရေး နှင့် ပရဟိတ သမားများက တောင်းဆိုနေကြသည်။ သြဂုတ်လ ဆန်းပိုင်းမှ ယနေ့ အထိ...

လဲချားမြို့နယ်ရောက် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၁၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၁၀၀၀) ကျော်တို့သည် မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုက ဒေသခံ ရွာသားများဖြစ်ကြပြီး ထို နေရာသည် တိုက်ပွဲကြောင့်...

ကလောမြို့ ကိုဗစ် -၁၉လူနာများလာ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်း ကလောမြို့တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာပြီး၊ ကျန်းမာရေးဝန်ထမ်းအင်အားနေသဖြင့် အခက်အခဲများကြုံတွေ့နေကြောင်း စုံစမ်းသိရ သည်။ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ကလောမြို့နယ် အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ (၆၇) ဦး...

လားရှိုး ကိုဗစ် ပိုးတွေ့ရှိသူများလာသဖြင့် မြိ့ဝင်၊ထွက် စစ်ဆေးရေးဂိတ်ပြန်ဖွင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိလာသည့်အတွက် မြို့၊အဝင်၊အထွက်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဇွန် (၈ )ရက်မှ စပြီး ဇွန် (၁၁) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၃၃) ဦးအထိမြင့်တက်လာသည့် အတွက် လားရှိုးမြို့ဝင်၊ထွက်တွင်...

လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၄ ဦးရှိ မြို့ လော့ဒေါင်းချဖို့မရှိသေး

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ကိုဗစ် ၁၉ လူနာ  ၁၄ ဦးအထိရှိလာသော်လည်း မြို့အားလော့ဒေါင်းချဖို့အစီအစဉ်မရှိသေးကြောင်း စုံစမ်းသိရှိရသည်။  လူနာ ၁၄ ဉီးအနက် လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသည်မှာ  ၉ ဦးကျန်ရှိကြောင်း လွိုင်လင်မြို့ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်လင်း ကပြောသည်။ “ အစကတော့ ၁၄ ဦးအထိရှိတာပေါ့။ လောလောဆယ်...

ကိုဗစ်ကူးစက်မှုနှုန်းတိုးလာသဖြင့် သျှမ်းပြည်တောင်ပိုင်း ကျန်းမာရေးဝန်ထမ်းအင်အားမလုံလောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုမိုများပြားလာပါက ကျန်းမာရေး ဝန်ထမ်းအင်အား လုံလောက်မှု မရှိနိုင်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ကပြောသည်။ ဒီဇင်ဘာ (၁၅) ရက်ထိ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၃၁) ဦးရှိကြောင်း သိရသည်။ “ကိုဗစ်က ဒီထက်များလာလို့ရှိရင် ကျနော်တို့ဝန်ထမ်းတွေ အနေနဲ့...

ကျန်းမာရေးလိုက်နာမှုအားနည်းသောကြောင့် တောင်ကြီးတွင် ကိုဗစ် ၁၉ လူနာ ၁၁၇ ထိတိုးလာ မြို့နယ်ကျန်းမာရေးပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကိုဗစ် ၁၉ လူနာ ၁၁၇ ဦးရှိပြီကြောင်း စုံစမ်းသိရှိရသည်။ လူနာ ၁၁၇ အနက် ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၅ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာမိုးထွန်းက သျှမ်းသံတော်ဆင့်...

သျှမ်းပြည်မြို့တော်တောင်ကြီး ကိုဗစ်ကာကွယ်ကုသရေး လူအင်အား ပစ္စည်းအင်အားလိုအပ်နေ

ဧပြီလကစပြီး သျှမ်းပြည်ထဲကို ကိုဗစ်-၁၉ ရောဂါပိုးစတင်ရောက်လာကတည်းကစပြီးကနေ့ချိန်အထိ် ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီအနက်သျှမ်းပြည်တောင်ပိုင်းက ၃၀၀ ကျော်နဲ့အများဆုံးကူးစက်ခံနေရပါတယ်။ အဲဒီ ၃၀၀ အနက်မှာ တောင်ကြီးမြို့က ၁၁၁ ဦးရှိနေပါတယ်။ သျှမ်း/တောင်ထဲကို ကိုဗစ်စဝင်လာတုန်းက သျှမ်းပြည်နယ်အစိုးရက ကိုဗစ်ကာကွယ်ရေးအတွက်ဘ တ်ဂျတ်သီးသန့်မရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ထဲကခွဲဝေသုံးစွဲရတယ်လို့ သျှမ်းသံတော်ဆင့်ကိုပြောပြဖူးပါတယ်။ ဒါမယ့်ခုချိန်အထိ...

တောင်ကြီး စဝ်စံထွန်း ဆေးရုံမှ ကိုဗစ်ပိုးတွေ့ ကျန်းမာရေးဝန်ထမ်း ၆ ဦးနှင့်ထိတွေ့သူ ၁၂၀ ခန့်ရှိ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီရန် သွားရောက်သည့် တောင်ကြီး သူနာပြု (၆) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ၄င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၁၂၀) ဝန်းကျင်ရှိကြောင်း စဝ်စံထွန်းဆေးရုံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၃) ရက် ညပိုင်းကတောင်ကြီးမှ ထွက်ခွာခဲ့ပြီး ...

Latest news