Tuesday, January 27, 2026

မိုင်းဖုန်းဆရာတော် အသက်ရှုကြပ်လာကာ ညတွင်းချင်း ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ကုသရ

မြန်မာ – ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ရှိ တာချီလိတ် – မယ်ဆိုင် အမှတ် (၂) တံတားမှာ ယမန်နေ့ ဇူလိုင် (၁၄) ရက်ညပိုင်းတွင် မိုင်းဖုန်းဆရာတော်ကို အရေးပေါ် ချင်းရိုင်းဆေးရုံသို့ ပင့်ဆောင်ကာ ဆေးကုသမှု ပြုလုပ်ခဲ့ရကြောင်း စုံစမ်းသိရှိသည်။

မိုင်းဖုန်းဆရာတော်

ယမန်နေ့ (ဇူလိုင် ၁၄)ရက် ည (၁၀) နာရီဝန်းကျင်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီး ချင်းရိုင်းမြို့ရှိ ဘန်ကောက်ဆေးရုံသို့ ပို့ဆောင် ကုသမှု ပြုခဲ့ကြောင်း သိရှိရသည်။

“မိုင်းဖုန်းကျောင်းမှာရှိတဲ့ မိုင်းဖုန်းဆရာတော် ရဲ့ အနီးကပ်ဆရာတော် မိန့်ကြားအရကတော့ မနေ့က ညနေ ၅ နာရီ ၆ နာရီလောက်မှာ မိုင်းဖုန်းဆရာတော် က အသက်ရှုကြပ်လာတဲ့အတွက် ဆရာတော်ကို ချင်းရိုင်းဆေးရုံကို ပင့်ဖို့အတွက် ညတွင်းချင်း ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃာနာယက ဥက္ကဌ ဉီးဉာဏသီရိ မှ သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

ပြီးခဲ့သည့် ဇူလိုင် (၂) ရက်မှ စတင်ပြီး မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) ရှိ မိုင်းခန်ဖဝတ်ဂူမှာ အဓိဌာန်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ အဓိဌာန်မဝင်ခင် မနက်ပိုင်းတွင် မှိုဆွမ်းဟင်းဘုဥ်းမိခဲ့ရာမှ ဂူအောင်း အဓိဌာန်ဝင်သွားပေမယ့် မူးဝေအော့အန်သည့် ဝေဒနာ ခံစားခဲ့ရကြောင်း သိရှိသည်။

ဇူလိုင် (၈) ရက်တွင်လည်း တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ဖြတ်ပြီး မိုင်းဖုန်းဆရာတော်အား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ Bangkok Hospital သို့ ပို့ဆောင်ကုသခဲ့ပြီး ပြန်လည်ကျန်းမာလာကာ ဆေးရုံမှ ဆင်းပြီး ဒီနေ့ ဇူလိုင် (၁၀) ရက် နေ့လည် ၂ နာရီခွဲ၌ မိုင်းဖုန်းသို့ ပြန်လည် ကြွရောက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် (၁၁) ရက်တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စမ်းပူးဂူ မှာ အဓိဌာန် ပြန်လည် ဝင်ရောက်ခဲ့ပါသည်။

မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ၂၀၂၂ ခုနှစ် ဇူလိုင် (၃၁) ရက်၌ (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှု အောင်မြင်ပြီးနောက် ဂူမှ ထွက်လာပြီး သြဂုတ် (၁) ရက်မှ စတင်ပြီး (၆) ရက်ဆက်တိုက် တရားနာပရိသတ်များကို တရားဟောခဲ့သည်။

ဂူအောင်းအဓိဌာန် အောင်မြင်ပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်မှ ၁၈ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်ဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

0
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...