Tuesday, January 27, 2026

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော် တို့ကို အဓိကထား ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

“ဘယ်ကျောင်းကို သွားတယ်လို့ အဲ့လိုမရှိပါဘူး။ အဆင်ပြေတဲ့နေရာ ကျယ်တဲ့နေရာတွေ စေတီတွေရှိတဲ့ နေရာတွေကို သွားတာပါ။ မနေ့ကတော့ မန္တလေး၊ စစ်ကိုင်းဘက်ကို ကြွရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရည်ရွယ်ချက်ကတော့ ငလျင်‌ဘေးသင့် မိဘပြည်သူ၊ ရဟန်းသံဃာတို့ကို တတ်နိုင်သလောက် ကူညီလှူဒါန်ပြီး စိတ်ခွန်အားတွေဖြစ်ဖို့ မေတ္တာပို့ပေးပြီး တရားဟောတာတွေ ပြုလုပ်ခဲ့တာပါ”ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။

မိုင်းဖုန်းဆရာတော် ငလျင်ဘေးသင့်ဒေသသွားရောက်လှူဒါန်း

ယနေ့ (ဧပြီလ ၂၂ ရက်) တွင် မိုင်းဖုန်းဆရာတော်မှ ပြင်ဦးလွင်မြို့သို့ ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး နေပြည်တော်တို့ ဆက်လက်ခရီးဆက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ ခရီးစဉ်အကြောင်းကို အရှင်ဉာဏသီရိမှ ရှင်းပြသည်။

“မိုင်းဖုန်းဆရာတော်ကတော့ ဒီနေ့ (ဧပြီလ ၂၂ ရက်) ပြင်ဦးလွင်မှာ ကူညီလှူဒါန်း တရားဟောပြီး‌တော့ နေပြည်တော်ကို ဆက်ကြွမလို့ပါ။ နေပြည်တော် ပြီးရင်တော့ ရန်ကုန်ကို ဆက်သွားပါမယ်။ လမ်းခရီးမှာတော့ ဘာအခက်အခဲမှတော့ မရှိပါဘူး။ လမ်းမှာကတော့ သွားလာရတာ အဆင်ပြေပါတယ်”ဟု အရှင်ဉာဏသီရိမှ ဆက်လက်မိန့်ကြားသည်။

ယမန်နေ့ (ဧပြီလ ၂၁ ရက်)တွင် မိုင်းဖုန်းဆရာတော်မှ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရား ပြန်လည် ပြုပြင် မွမ်းမံရန် အလှူငွေ သိန်း (၅၀၀) ကျပ်ကို မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူများကို မေတ္တာပို့ရန်အတွက် မိုင်းဖုန်းဆရာတော်၏ ဧပြီလအတွင်း စင်္ကာပူနိုင်ငံသို့ ကြွရောက်မည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့ကြား ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံတဝှမ်း သမိုင်းဝင် ဘာသာရေး အဆောက်အဦများ၊ လမ်းတံတားများ အပါအဝင် တိုက်တာအိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရမှုများလည်း မြင့်တက်ခဲ့ကာ အကူအညီများစွာ ဆက်လက်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

အင်းလေးဒေသ ရေကြီးလာလျှင် ခိုလှုံစရာနေရာ မရှိ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးရာသီမှာရေကြီးလာလျှင် ပြေးစရာ၊ခိုလှုံစရာ နေရာမရှိတော့သဖြင့် ဒေသခံတွေက စိုးရိမ်ပူပင်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသသည် ပြီးခဲ့သည့် မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၃၅၀၀ ကျော်ပျက်စီးခဲ့ရာ လက်ရှိအခြေအနေထိ ပြုပြင်ရန် မပြီးသေးသော်လည်း မေလကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေမြင့်တက်လာခဲ့သည်။ အဆိုပါ ရေမြင့်တက်မှုသည့် လက်ရှိအချိန်ထိ...

ငလျင်ဘေးဒဏ်သင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ ရေပြန်ကြီးလာနိုင်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတပေကျော် မြင့်တက်လာသည်။ ထိုရေမြင့်တက်လာမှုကြောင့် ငလျင်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ အချို့ကျေးရွာများ ရေဘေးထပ်မံကြုံနေရကာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသကဲ့သို့ အချို့လည်း...

မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ

0
မတ်လ (၂၈) ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၃၀၀) ကျော်အထိ ရှိလာကြောင်း DVB မှ...

မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို  သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ

0
မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက်  ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။  “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။