အင်းလေးဒေသ ရေကြီးလာလျှင် ခိုလှုံစရာနေရာ မရှိ

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးရာသီမှာရေကြီးလာလျှင် ပြေးစရာ၊ခိုလှုံစရာ နေရာမရှိတော့သဖြင့် ဒေသခံတွေက စိုးရိမ်ပူပင်နေကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသသည် ပြီးခဲ့သည့် မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၃၅၀၀ ကျော်ပျက်စီးခဲ့ရာ လက်ရှိအခြေအနေထိ ပြုပြင်ရန် မပြီးသေးသော်လည်း မေလကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေမြင့်တက်လာခဲ့သည်။

အဆိုပါ ရေမြင့်တက်မှုသည့် လက်ရှိအချိန်ထိ ပြန်မကျသေးသဖြင့် ရေထပ်မံပြန်ကြီးလာမည်ကို စိုးရိမ်မှုရှိနေကြောင်း၊ ရေကြီးလာလျှင်ပြေးစရာ နေရာ၊ ခိုလှုံစရာနေရာလည်း ခက်ခဲနိုင်ကြောင်း ကောလကျေးရွာအုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ရေထပ်ကြီးလာရင်တော့ ပျက်စီးဆုံးရှုံးမှုများမယ်ပေါ့။ အရင်နှစ်လိုမျိုးရေကြီးလာရင်တော့ ပြေးစရာမြေမရှိမှာ ပဲ စိုးရိမ်တယ်။ အခုလည်းရေမကျသေးဘူး။ အရင်နှစ်က ရေကြီးတော့ ဘုန်းကြီးကျောင်းမှာသွားနေကြတယ်။ ဒီနှစ်တော့ ဘုန်းကြီးကျောင်းလည်းမရှိတော့ဘူး။ ပြန်ပြုပြင်နေသေးတယ်။ အဲကြောင့် ရေတကယ်ကြီးလာရင်တော့ စိုးရိမ်နေရတာပေါ့” ဟု ၎င်းကဆိုသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်သည့် ကာလဖြစ်သည်အလျောက် အလုံးစုံမတည်ဆောက်နိုင်သေးသဖြင့် အချို့ ဒေသခံများသည့် အိုးမဲ့အိမ်မဲ့အခြေအနေဖြစ်နေကြောင်းလည်း အင်းလေးဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုတော့ ပြိုသွားတဲ့အိမ်တွေအတွက် ဆက်ပြီးဆောက်နေသေးတယ်။ အကုန်တော့မပြီးသေးဘူး။ တစ်ချို့မပြီးသေးတဲ့ သူတွေ ကတော့ ပြီးတဲ့အိမ်တွေနဲ့လိုက်ကပ်နေတာပေါ့။ တစ်အိမ်ကို မိသားစု ၁ စုကနေ ၃ စုထိတော့ပေါင်းနေကြရတယ်” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
ခရီးသွားဧည့်သည်နှင့် စိုက်ပျိုးရေးကို အားကိုးနေရသော အင်းလေးဒေသသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး အဘက်ဘက်ကျဆင်းကာ ဝမ်းရေးအတွက် ရုန်းကန်နေရချိန် သဘာဝဘေး နှစ်ကြိမ်ထပ်မံကြုံတွေ့ရသည်။

ထို့ကြောင့် နလံမထူနိုင်သေးသည့် အင်းလေးဒေသပြည်သူများအတွက် စုဆောင်းရေးထပ် ဝမ်းရေးခက် ဖြစ်နေသည့်အချိန်ကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်ဆင်ရန်လည်း ခက်ခဲနေကြသည်။

“ကျမတို့ အနေနဲ့ အလှူရှင်ထောက်ပံ့ကြေးကိုပဲ အားကိုးနေရတာ။ အလှူရှင်တွေမရောက်တဲ့ ကျေးရွာတွေဆိုရင် နေအိမ်ကို မတည်ဆောက်နိုင်သေးဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထို့အပြင် စိုက်ပျိုးရေးပြန်လည်လုပ်ဆောင်ရန် မလွယ်ကူသေးသည့်အနေအထားကြောင့် စားဝတ်နေရေးကိုလည်း အလှူရှင်ထောက်ပံ့ကူညီမှုဖြင့် ဖြတ်သန်းနေရပြီး ၎င်းငလျင်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာလည်း ဇွန်လကုန်ထိသာ ကျန်ရှိတော့ကြောင်းလည်း ကေလာကျေးရွာ အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

“ အစားသောက်ကတော့ ဒီဇွန်လကုန်ထိတော့လောက်သေးတယ်။ နောက်လကျရင်တော့မသိသေးဘူး။ အခုရှိထားတဲ့အလှူငွေတွေကလည်းအိမ်ဆောက်ဖို့အတွက်တွေဖြစ်နေတယ်။ ပြီးတော့ ဒီမှာကလည်း အလုပ်တွေ ကလည်းမရှိသေးဘူးဆိုတော့ အလှူရှင်တွေကိုပဲ အားကိုးထားရတယ်လေ” ဟု ၎င်းက ပြောသည်။

အင်းလေး ငလျင်ဘေးသင့်၊ရေကြီးမှုဒဏ်သင့်ပြည်သူများအအတွက် နေစရာများကိုသာ ပိုပြီးဉီးစားပေးဆောင်ရွက်နေရသည့်အနေအထားဖြစ်သည့်အတွက် စားနပ်ရိက္ခာကိစ္စကို မစီစဉ်ထားရသေးသကဲ့သို့ မိုးရာသီတွင် ရေထပ်မံကြီးမည့်ကိစ္စလည်း မပြင်ဆင်ရသေးကြောင်း အင်းလေးဒေသ ငလျင်ဘေးသင့်ကူညီသူများက ပြောဆိုလိုက်သည်။

“ ငလျင်ကြောင့် အိမ်ပြိုသွားတာတွေတောင်ပြန်မဆောက်နိုင်သေးဘူး။ ရေကြီးကတော့ အရင်နှစ်တွေကထက်စောတယ်။ အခုတောင်ရေကြီးနေပြီ ။လူတွေကတော့ ရေကြီးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထည့်တောင်မစဉ်းစားနိုင်သေးဘူး။ အခုအိမ်ဆောက်တာတွေနဲ့ပဲရှုပ်နေကြတာ” ဟု အသက် ၂၂နှစ်အရွယ် အင်းလေးဒေသခံလူငယ်တစ်ဉီးက ပြောသည်။

အင်းလေးကန်သည် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်သကဲ့သို့ လွန်ခဲ့သည့် ၂၀၁၅ခုနစ် ဇွန် ၉ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဇီတအဝန်းနယ်မြေ (Biosphere Reserve)အဖြစ် သတ်မှတ်ကြောင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ဌာနချုပ်အ စည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု သစ်တောအလွန်အကျွံခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းတို့ကြောင့် သျှမ်းပြည်တဝှမ်းမကြုံစဖူးရေကြီးမှုများစတင်ကြုံတွေ့လာရပြီး ထိုထဲတွင် အင်းလေးကန်လည်း အပါအဝင်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...