Wednesday, January 28, 2026

ငလျင်ဘေးဒဏ်သင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ ရေပြန်ကြီးလာနိုင်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတပေကျော် မြင့်တက်လာသည်။

ထိုရေမြင့်တက်လာမှုကြောင့် ငလျင်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ အချို့ကျေးရွာများ ရေဘေးထပ်မံကြုံနေရကာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသကဲ့သို့ အချို့လည်း ရေဘေးထပ်မံကြုံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ ငလျင်ကြောင့် ပြိုတဲ့အိမ်တွေက တစ်ချို့က ကဆောက်လို့မပြီးသေးတာရှိတယ်။ အခုမိုးကာတဲနဲ့ နေနေရတော့ အဆင်မပြေတာတွေရှိတယ်။ မိုးကလည်း နေ့တိုင်းလိုလိုရွာတော့ မိုးကာနဲ့ နေရတဲ့သူတွေက မိုးမလုံဘူး။ ရေကလည်း တက်ဆိုတော့ စင်ထပ်ထိုးပြီး နေနေရတာမျိုးရှိတယ်။” ဟု အင်းလေး လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ငလျင်ဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်မပြင်ဆင်နိုင်သေးသည့် နေအိမ်များလည်းရှိကာ လက်သမားအလုံအလောက်မရှိသဖြင့် ပြန်လည်ထူထောင်မှု နှောင့်နှေး ကြန့်ကြာ နေရခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု တစ်လစောရွာသဖြင့် စပါးစိုက်ပျိုးထားသည့် လယ်သမားများလည်း ရေနစ်မြှုပ်မှုဖြစ်မည်ကို စိုးရိမ်နေကြသည်။
“ဒီနှစ်က မိုးတစ်လစောပြီး ရွာတယ်။ ရေလည်းတက်တယ်။စပါးစိုက်ထားတဲ့သူတွေက မျက်ခုံးလှုပ်နေရတာပေါ့။အခုမှ စပါးက အနှံထွက်တုန်းပဲ။ အရင်နှစ်ကလည်း ရေကြီးပြီး စပါးတွေ စိုက်ခင်းတွေ အကုန်ပျက်စီးကုန်တာ။ ဒီနှစ်လည်း ရေထပ်ကြီးမှာ စိုးရိမ်နေရတယ်။ ရေကြီးလည်း အင်းလေးခံရ ငလျင်ဆိုလည်း အင်းလေး ရေခမ်းတော့လည်း ဒုက္ခရောက်နဲ့ အဘက်ဘက်က အခက်ခဲတွေ နဲ့။” ဟု ၎င်းလူငယ်က ဆက်ပြောသည်။

ငလျင်ဒဏ်သင့်သည့် အင်းလေးလူထုထံသွားရောက်လှူဒါန်းနေစဉ်

ယခင်က ရေခမ်းခြောက်၍ သွားမရ လာမရဖြစ်ခဲ့ရသော ရွာမ ကျေးရွာဘက်တွင် ရေပြန်တက်လာပြီဖြစ်ပြီး ငလျင်ဘေးသင့် နေအိမ်များကို ယနေ့ထိ ပြန်လည်ပြုပြင်၍ မပြီးစီးနိုင်သေးခြင်းကြောင့် စိတ်ဓာတ်ကျနေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် အင်းလေးဒေသခံ တစ်ဦးက ပြောသည်။

သက်ဆိုင်ရာ ဌာန ပြည်နယ် အစိုးရအဖွဲ့မှလည်း လိုအပ်သည့် ဝါးများ ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည် ထောက်ပံ့နေပြီး စားနပ်ရိက္ခာများကို အလှူရှင်အဖွဲ့မှ လာရောက်လှူဒါန်းနေသောကြောင့် ငလျင်ဒဏ်အင်းလေး ဒေသခံများ စားသောက်ရေးအတွက် အဆင်ပြေမှုရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင်လည်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင်း မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံမှု စတင်ကြုံတွေ့နေရသည်။

အင်းလေးဒေသအတွင်း ငလျင်လေးဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့် ၊ နေအိမ် ၃၅၀၀ ထပ်မနည်းပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများကြုံတွေ့နေရပြီး၊ ‌ကေလာ ၊ နမ့်ပန် ၊ ဇရပ်ကြီး ၊ ရှေ့ဝကြီး နှင့် စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများကြုံ တွေ့ခဲ့ရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

အင်းလေးဒေသ ရေကြီးလာလျှင် ခိုလှုံစရာနေရာ မရှိ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးရာသီမှာရေကြီးလာလျှင် ပြေးစရာ၊ခိုလှုံစရာ နေရာမရှိတော့သဖြင့် ဒေသခံတွေက စိုးရိမ်ပူပင်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသသည် ပြီးခဲ့သည့် မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၃၅၀၀ ကျော်ပျက်စီးခဲ့ရာ လက်ရှိအခြေအနေထိ ပြုပြင်ရန် မပြီးသေးသော်လည်း မေလကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေမြင့်တက်လာခဲ့သည်။ အဆိုပါ ရေမြင့်တက်မှုသည့် လက်ရှိအချိန်ထိ...

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

0
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊...

မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ

0
မတ်လ (၂၈) ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၃၀၀) ကျော်အထိ ရှိလာကြောင်း DVB မှ...