Wednesday, January 28, 2026

မိုင်းဖုန်းဆရာတော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေး စစ်ဆေးနေ

မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) သက်တော် ၅၇ ဝါတော် ၃၇ ဝါသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျန်မာရေး စစ်ဆေးမှုခံယူနေကြောင်း စုံစမ်းသိရသည်။

မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှု အောင်မြင်ပြီးနောက် ဂူမှထွက်လာကာ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ရာ လက်ရှိတွင် အားနည်းပြီး ပင်ပန်းနွမ်းနယ်နေကြောင်း၊ ကျန်းမာရေး ဆေးစစ်ရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ယမန်နေ့ ဩဂုတ် (၁၀) ရက် ညပိုင်းတွင်ရောက်ရှိကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်

“ဟုတ်ပါတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေနေက စစ်ဆေးဖို့လိုလို့ပါ။ ဆရာဝန်တွေနဲ့ သေချာမစစ်ဆေးရင် ဘယ်နားဘာဖြစ်လည်း မသိရလို့ပါ။ ဂူတွင်းနေတဲ့ချိန်တော့ ကျန်းမာရေးကောင်းတယ်။ ဂူထွက်လာတော့ လူအများနဲ့တွေ့ရတယ်။ အစားအသောက်ကော ၊ အိပ်ရေးနဲ့ အခြေနေတွေပြောင်းလဲသွားတော့ ကျန်းမာရေးထိခိုက်သွားတာ။ ဆရာတော်ကို ယုံကြည်ကိုးကွယ်တဲ့ ရပ်နီးရပ်ဝေးက ဒကာ ဒကာမ တွေလည်း ဆရာတော် နေကောင်းကျန်းမာပါစေကြောင်း အဓိဌာန်ပြုဆုတောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။”ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိ မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး ဆေးကုသမှုခံယူနေကြောင်းကို ထိုင်းနိုင်ငံရှိ မီဒီယာများကလည်း ဖော်ပြထားသည်။

ဆရာတော်သည် သြဂုတ် (၁) ရက်နေ့ မိုင်းကျက်ဂူမှ ထွက်လာပြီး ၆ ရက်နေ့အထိ ဒကာများအား ဆက်တိုက် တရားဟောခဲ့သည်။

ခရီးပမ်းမှုနှင် ဂူတွင်း ဂူပ ပတ်ဝန်းကျင်အခြေနေ ပြောင်းလဲမှုကြောင့် ဆရာတော်အားနည်းကာ သြဂုတ်လ ၇ ရက်မှစပြီး တာချီလိတ်မြို့ မိုင်းဖုန်းအုပ်စုရှိ ဆီလွန်းလူ ကျောင်းတိုက်ရောက်သည့်အချိန်အထိ တရားနာ ပရိသတ်အား လက်ဟန်ဖြင့်သာ တရားဟောပေးခဲ့ပြီး တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း က ဘာသာပြန်ကာ တရားဟော ကုသိုလ်ပြုပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

0
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...