လဲချားမြို့နယ်ရောက် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၁၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by Loi Kham Pang

အဆိုပါ စစ်ရှောင် (၁၀၀၀) ကျော်တို့သည် မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုက ဒေသခံ ရွာသားများဖြစ်ကြပြီး ထို နေရာသည် တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့နယ်ရှိ စစ်ရှောင် စခန်း (၅) နေရာမှာ တတ်မောက်ကျေးရွာအုပ်စု၊ နမ့်လေရွာ၊ဝမ်ထီရွာ၊ စလိုင်းခုံရွာ၊ ဟိုလုံးရွာ တို့သည် စစ်ရှောင် (၁၀၀၀) ကျော် ကျန်းမာရေး ကုသမှု နှင့် စားနပ်ရိက္ခာလိုအပ်ကြောင်း စစ်ရှောင်များ ကူညီပေးနေသူ အမျိုးသား တစ်ဦး ကပြောသည်။

“သူတို့ လိုအပ်ချက်က စားနပ်ရိကာ နဲ့ နေထိုင်ဖို့နေရာပေါ့နော်။ အခုက ဘုန်းကြီးကျောင်းတွေမှာ ရွာထဲက လူမနေတဲ့ အိမ်မှာ သွားနေနေရရတယ်။ စောင်တွေ အခင်းတွေ ခြင်ထောင်တွေနဲ့ တဲတွေ လုပ်ဖို့အတွက် မိုးကာတွေပေါ့။ ကျန်းမာရေးအတွက် စောင့်ရှောက်မှု လည်းလိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

Photo by Loi Kham Pang

အဆိုပါ လဲချားရှိ စစ်ရှောင်များသည် ဇူလိုင်လ ဒုတိယအပတ်က ရောက်ရှိလာကြပြီး၊ တစ်ချို့ စစ်ရှောင်များလည်း ဆွေမျိုးများ နေအိမ်သို့ လာရောက်နေထိုင်ခဲ့ပါသည်။

ထိုစစ်ရှောင်များကို ကူညီထောက်ပံ့ရန်အတွက် ရလာသည့် အလှူငွေ နှင့် စစ်ရှောင်များ လိုအပ်သည့် လိုအပ်ချက်များ ညီမျှဘူးမရှိခြင်း၊ ယခုကာလမှာ ကိုဗစ် -၁၉ မြင့်တက်လာသဖြင့် အသွားအလာ ခက်ခဲမှုများ ရှိလာနိုင်ကြောင်း စစ်ရှောင်များကို လိုက်လံကူညီပေးနေသည့် သူ တစ်ဦး ကပြောသည်။

Photo by Loi Kham Pang

“သူတို့ကို ကူညီဖို့ စိန်ခေါ်မှု အခက်ခဲဆုံးကတော့ စစ်ရှောင်တွေ လိုအပ်ချက် နဲ့ အလှူရှင်တွေ မှာ ရတဲ့ ငွေသားနဲ့က မညီမျှဘူး။ ရှာနိုင်သလောက်လဲ မလုံလောက်ဘူး။ စစ်ဘေးရှောင်တွေက များတယ်။ အလှူငွေတွေက အွန်လိုင်းကနေ ရတာများတယ်။ ငွေသားကို ပြန်လဲရတာလဲ ခက်ခဲတယ်။ ငွေသားလဲရင် ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းထိ ပေးရတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် အသွားအလာ ခက်ခဲတယ်။ မိုးရာသီလည်းဖြစ်တော့ အလှူပစည်းတွေ သွားပို့ဖို့အတွက် လမ်းတွေ အခက်ခဲဖြစ်တယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးကပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ယနေ့ ဇူလိုင် (၁၉) ရက်ထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ရှိ စစ်ရှောင် (၃၀၀) ကျော်၊ မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၈၀၀) ကျော် နှင့် လဲချားမြို့နယ်ရှိ စစ်ရှောင် (၁၀၀၀) ကျော် တို့ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...