ကျန်းမာရေး အကြောင်းပြ နေအိမ်များ လူတစ်စု ဆေးလိုက်လံဖြန်းနေ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ ပြည်သူနေအိမ်များကို ကျန်းမာရေးအရ ဟု အကြောင်းပြကာ နေအိမ်များထဲ ပိုးသတ်ဈေးဖြန်းခြင်း၊ နေအိမ်ကို ဆေးသုတ်ပေးခြင်းများ ပြုလုပ်လာနေကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် တို့တွင် ကျန်းမာရေးအရ ဟုဆိုပြီး နေအိမ်များထဲ ပိုးသတ်ဆေး လိုက်လံဖြန်းပေးနေကြောင်း သိရသည်။

“ သူတို့ တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီးတော့ ဆေးလိုက်ဖြန်းပေးနေတာ။ ကျန်းမာရေး အရဆိုပြီးတော့ လိုက်ဖြန်းပေးတာ။ ပိုးသတ်ဆေးတဲ့။ တစ်ချို့အိမ်တွေကလည်း ပေးဝင်တယ်။ တစ်ချို့အိမ်တွေကလည်း ပေးမဝင်ဘူး။ သူတို့က ဒီမြို့က လူတွေနဲ့လည်း မတူဘူး” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက စတင်ပြီး ကွတ်ခိုင်မြို့နယ်တွင် သာမက တစ်ခြားမြို့နယ်ဖြစ်သော နမ့်ခမ်း၊ မူဆယ်၊ လားရှိုးဘက်တွင်လည်း ဆေးလိုက်လံ ဖြန်းပေးနေကြောင်း စုံစမ်းသိရှိရသည်။

ဆေးလိုက်လံဖြန်းပေးသူ

ထိုသို့ ဆေးလိုက်ဖြန်းပေးနေသောကြောင့် ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။

“သူတို့ ဘာလာလုပ်တာလဲတော့ မသိဘူး။ သတင်းယူချင်တာလား မသိဘူး။ ကြောက်တော့ ကြောက်ရတယ်။ ကျနော်တို့တော့ ပေးမဝင်ဘူး။ အိမ်သာတွေထဲမှာ ပိုးသတ်ဆေးတွေ လာဖြန်းပေးမယ်လို့ပြောတာ။ ဒါမယ့် မယုံရဘူး။ ထောက်လှမ်းရေးတွေ လားမသိဘူး” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းဘက်တွင်လည်း နေအိမ်တွေကို ဆေးလာသုတ်ပေးပြီး ငွေကြေးတောင်းခံမှုများလည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် လူစုတစ်ဖွဲ့က နေအိမ်ထဲဝင်လာပြီး ဆေးအတင်းလာရောက် သုတ်ပေးကာ ငွေတောင်းခံမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ဆေး လိုက်လံဖြန်းပေးသူ

“လူ (၅) ယောက်လောက်ရှိတယ်။ အိမ်ကိုလာပြီးတော့ ဆေးသုတ်ပေးမယ်ဆိုပြီး အတင်းဝင်လာသုတ်သွားတာ။ မသုတ်ဘူးပြောလည်း အတင်းသုတ်သွားတာ။ တစ်ဝက်တစ်ပျက် နဲ့ ဆုတ်ဆုတ်ပြတ်ပြတ် သုတ်သွားပေးတာ။ ပြီးတော့ ပိုက်ဆံပေးလိုက်ရတယ်” ဟု အောင်ပန်းမြို့ ဒေသခံ တစ်ဦး ကပြောသည်။

အာဏာသိမ်းပြီး နောက်ပိုင်းတွင် သူခိုး၊ ထောက်လှမ်းရေးများလည်း ပေါ်များလာကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

လင်းခေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးလည်း “အခု နောက်ပိုင်း သူခိုးတွေ၊ ထောက်လှမ်းရေးတွေ များလာတယ်။ နေအိမ်တွေထဲ ဝင်ချင်တာ။ ဈေးရောင်းရင်လည်း နေအိမ်ထဲ ဝင်လာချင်တာ။ ပြီးတော့ ကိုယ့်မြို့က ဒေသခံတွေ မဟုတ်ဘူးဆိုတာ သိတယ်။ တစ်ခြား မြို့ကလာပြီးတော့ လာလုပ်စား နေကြများတယ်” ဟု ပြောသည်။

ထို ဆေးဖြန်းသမားများသည်လည်း မိုးရာသီကာလတွင် ခြင်းပေါများလာသောကြောင့် ကျန်းမာရေး အရဟုဆိုကာ ဆေးလာဖြန်းပေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောက်လှမ်းရေး များပြားလာသောကြောင့် ပြည်သူများ အနေဖြင့် မိမိကိုယ့်ကိုယ် ဂရုစိုက်ကြရန် မသိသည့် သူများကို တံခါးမဖွင့်ပေးရန် တောင်ကြီးမြို့ ဒေသခံတစ်ဦးကပြောသည်။

“ဟုတ်တယ်။ အခုက အဲ့လို လူတွေ အရမ်းများလာတယ်။ ဆေးရောင်းသလိုလို ထောက်လှမ်းရေးလိုလိုနဲ့ အရမ်းများလာတယ်။ ကျနော်တို့ ပြည်သူတွေလည်း ကိုယ့်ကိုယ် ပိုပြီးဂရုစိုက်သင့်တယ်။ မသိတဲ့ သူတွေဆို အိမ်တံခါး မဖွင့်ပေးတာကောင်းတယ်။ အခုက ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ကိုယ်လုပ်နေရတယ်လေ” ဟု ၎င်းကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ် (၉) လ အတွင်း သျှမ်းပြည်တွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများ၊ သူခိုးများ၊ ဓားပြများ ပိုမို များပြားလာသော်လည်း တာဝန်ရှိ ရဲများက ဖမ်းဆီးအရေးယူမှုများလည်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...