Saturday, May 4, 2024

ကိုဗစ်-၁၉

သျှမ်းပြည် ပွဲလမ်းသဘင်များ ကိုဗစ် စည်းမျဥ်းလိုက်နာမှုအားနည်း

ယခု ဧပြီလအတွင်း သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုက ရိုးရာဓလေ့ ရှင်လောင်းပွဲများကို ပြုလုပ်နေကြပြီး ကိုဗစ် - ၁၉ စည်းကမ်းလိုက်နာမှု အားနည်းလာကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ရှင်လောင်းပွဲသည် ရက်ရှည်ကြာပြီး လူစည်ကားလျက်ရှိကာ တစ်ချို့ ပြည်သူများက Mask ( နှာခေါင်းစည်း) တပ်ထားခြင်း မရှိတော့ကြောင်း သိရသည်။“...

တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၅၀၆) ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ယမန့်နေ့ ဇူလိုင်၂၇ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုတွေ့လူနာ စုစုပေါင်း (၁၅၀၆) ထိရှိကြောင်း သိရသည်။ တောင်ကြီးမြို့မှာ ကိုဗစ် -၁၉ ပိုးကူးစက်ခံရသူ (၇၇၅) ဦးရှိပြီး ဆေးကုသမှုခံယူနေသူ (၄၅၉) နှင့် သေဆုံးသွားသူ (၃၃) ဦးရှိကြောင်းသိရသည်။ အေးသာယာမြို့တွင် ကိုဗစ် -၁၉...

ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြားမှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို...

သျှမ်းမြောက်တွင် ကိုဗစ်-၁၉ သံသရာလူနာ သေဆုံးသူ (၇၀) အထက်ရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ် -၁၉ သံသရာလူနာ သေဆုံးသွားသူ( ၆၀) ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ထို ကိုဗစ်- ၁၉ သံသရာလူနာများသည် နေအိမ်တွင်ကိုယ်တိုင်ဆေးကုသမှုခံယူနေသူများ၊ အောက်ဆီအကျလွန်းပြီးမှ ဆေးရုံးသို့လာသူများဖြစ်ကြောင်းသိရသည်။ “ တစ်ချို့က နေအိမ်မှာ‌ဘဲ ကိုယ်တိုင်ဆေးကုကြတာ။ တစ်ချို့ကတော့လည်း အောက်ဆီဂျင်အကျလွန်းပြီးမှ ဆေးရုံးရောက်လာတာလည်းရှိတယ်။ အဲလိုတွေကြောင့်သေဆုံးသူတွေက များလာတယ်” ဟု...

မိုးနဲ ကိုဗစ်-၁၉လူနာ ၂၆ ရှိ၊ မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်

သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့တွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါ တတိယလှိုင်းအတွင်း အတည်ပြုပိုးတွေ့ လူနာ စုစုပေါင်း ၂၆ ဦးရှိသည့် အနက် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်ကြောင်း စုံစမ်းသိရသည်။ လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကတ်နောက်ရွာနေ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးသည်...

ပင်လုံမြို့ ကိုဗစ်-၁၉ လူနာများလာပါက မိမိနေအိမ်တွင် ဆေးကုသရမည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပိုမိုများပြာလာပါက မိမိနေအိမ်တွင် ကိုယ်တိုင်ဆေးကုသ ရမည်ဖြစ်ကြောင်း ပင်လုံမြို့ ကိုဗစ် ၁၉ ကော်မတီထံမှ စုံစမ်းသိရှိရသည်။ “ ကျနော်တို့မြို့ကသေးတယ်။ လူတွေက စကားနာမထောင်ဘူး။ အပြင်မထွက်နဲ့ဆိုတော့လည်း ထွက်တယ်။ ဈေးဆိုင်ဆိုရင်လည်းဆေးဆိုင်နဲ့ ကုန်စုံဆိုင်ပဲဖွင့်ပါလို့ပြောတယ်။ တချို့က နားမထောင်းဘူး။” ဟု ကိုဗစ်...

မိုင်းငေါ့မြို့ ကိုဗစ်လူနာ (၂)ဦးတွေ့ စစ်ရှောင်များ နေမကောင်းမှုဖြစ်နေ

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ (၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူနာမှာ အမျိုးသမီး(၁)ဦး အမျိုးသား (၁)ဦးဖြစ်ပြီး ဇူလိုင် (၁၀)ရက်နေ့က အနံ့မရသဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး RTD Test...

ပင်လုံမြို့ ကိုဗစ်-၁၉ မြင့်တက်မှုနေသည့်ကြား လောင်းကစားနှင့် KTV ဆိုင်များဖွင့်လှစ်နေဆဲ

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ကိုဗစ်-၁၉ ကူးစက်မှု (၁၅) ဦးထိရှိနေသော်လည်း လောင်းကစားနှင့် KTVဆိုင်များ ဆက်လက်ဖွင့်လှစ်နေဆဲ ဟု ဒေသခံများ ပြောပြချက် အရသိရသည်။ ပင်လုံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံနှင့် KTV များပြန်ဖွင့်လာခဲ့ပြီး ကိုဗစ် ၁၉ တတိယလှိုင်းတွင် ည်း ဆိုင်များကိုပိတ်သိမ်းထားခြင်းမရှိကြောင်းသိရသည်။ “ ပင်လုံမှာ ကိုဗစ်...

သျှမ်းပြည် ကိုဗစ်-၁၉ ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းများ အခက်ခဲကြုံနေ

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့် လက်ရှိကာလတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ မလုံးလောက်သည့်အတွက် ပရဟိတသမားများ ယခင်ကထက် ပိုမိုကူညီဆောင်ရွက်နေရပြီး အခက်ခဲများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့ရှိ ပရဟိတအသင်းတစ်သင်းတွင် အဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုး ကူးစက်ခံထားရပြီး သံသယလူနာများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ကြရန် ပရဟိတဆောင်ရွက်နေသူများမှ လိုလားလျက်ရှိသည်။ “ခုချိန်မှာ...

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်စီရင်စုဂိတ်များ ကိုဗစ်-၁၉ ကြောင့် ပိတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်- တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ဝမ်တိန်စီရင်စု (ကျင်ဆန်ကျော့ နှင့် ပန်ဆိုင်း)ဂိတ်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယနေ့ (ဇူလိုင် ၈)ရက်မှ စတင်ပြီး ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ “ ဒီနေ့က ပိတ်လိုက်တာပါ။ ၂ ဂိတ်လုံးကိုပိတ်လိုက်တယ်။ ကိုဗစ် ၁၉ ရောဂါပြန့်ပွားလာလို့ပိတ်လိုက်တာပါ။ ရက်အကန့်သတ်ပိတ်လိုက်တာပါ” ဟု...

Latest news