Wednesday, January 28, 2026

ပင်လုံမြို့ ကိုဗစ်-၁၉ လူနာများလာပါက မိမိနေအိမ်တွင် ဆေးကုသရမည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပိုမိုများပြာလာပါက မိမိနေအိမ်တွင် ကိုယ်တိုင်ဆေးကုသ ရမည်ဖြစ်ကြောင်း ပင်လုံမြို့ ကိုဗစ် ၁၉ ကော်မတီထံမှ စုံစမ်းသိရှိရသည်။

“ ကျနော်တို့မြို့ကသေးတယ်။ လူတွေက စကားနာမထောင်ဘူး။ အပြင်မထွက်နဲ့ဆိုတော့လည်း ထွက်တယ်။ ဈေးဆိုင်ဆိုရင်လည်းဆေးဆိုင်နဲ့ ကုန်စုံဆိုင်ပဲဖွင့်ပါလို့ပြောတယ်။ တချို့က နားမထောင်းဘူး။” ဟု ကိုဗစ် ၁၉ ကော်မတီက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ ဇူလိုင် ၁၉ တွင် ပင်လုံမြို့ မြို့မဈေးထဲတွင် ကိုဗစ်- ၁၉ ကော်မတီမှ ကိုဗစ်ပိုးကူးစက်ခံရပါက ကုသရန်နေရာ မရှိတော့သဖြင့် ပည်သူများ ဆင်ခြေနေထိုင်သွားရန်အတွက် သတိပေးခဲ့သည်။

ပင်လုံမြို့ရှိ မြို့မဈေးထဲတွင် ယမန့်နေ့ ဇူလိုင် ၁၈ ရက်နေ့က ကိုဗစ် ၁၉ ပိုးတွေ့လူနာ တဦးမြို့ထဲ ပတ်လည်သွား ခဲ့ကြောင်းသိရသည်။

“ မြို့မဈေးထဲကို positive လူနာတယောက် ဈေးထဲကို ပတ်လည်သွားသေးတယ်။ အဲကြောင့် ကျနော်တို့ ဒီနေ့မနက်မှာ ဈေးထဲသွားပြီးသတိပေးထားတာပေါ့နော်။ ပိုးတွေ့များလာရင် ကုသဖို့က နေရာမရှိသေးဘူး။” ဟု ကိုဗစ် ၁၉ ကော်မတီက ပြောသည်။

အလားတူ ပင်လုံမြို့ဒေသခံအမျိုးသမီးက “ သူတို့ ကိုဗစ် မကုပေးတော့ဘူးလို့ပြောတာကောင်းတယ်။ အဲဒါမှ လူတွေကကြောက်ကြမှာ။ မဟုတ်ရင်မကြောက်ကြဘူး။ ပင်လုံမြို့ကလူတွေတအားပေါ့ကြတယ်။ တချို့ဆို mask မတပ်ဘဲ ဈေးသွားနေတာရှိတယ်” ဟု ပြောသည်။

လက်ရှိ ကိုဗစ် ၁၉ ရောဂါပိုးပြန့်ပွားနေချိန်တွင် ပြည်သူများအနေဖြင့် အပြင်မထွက်ရန်၊ သွားလာမှုများကို ဆင်ခြင်နေထိုင်ပေးရန်အတွက် ပင်လုံကိုဗစ် ၁၉ ကော်မတီက တောင်းဆိုလိုက်သည်။

ပင်လုံမြို့တွင် ယမန့်နေ့ ဇူလိုင် ၁၈ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၆ ဦးထိရှိပြီး သေဆုံးလူနာ ၁ ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...