Tuesday, January 27, 2026

သျှမ်းပြည် ပွဲလမ်းသဘင်များ ကိုဗစ် စည်းမျဥ်းလိုက်နာမှုအားနည်း

ယခု ဧပြီလအတွင်း သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုက ရိုးရာဓလေ့ ရှင်လောင်းပွဲများကို ပြုလုပ်နေကြပြီး ကိုဗစ် – ၁၉ စည်းကမ်းလိုက်နာမှု အားနည်းလာကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ရှင်လောင်းပွဲသည် ရက်ရှည်ကြာပြီး လူစည်ကားလျက်ရှိကာ တစ်ချို့ ပြည်သူများက Mask ( နှာခေါင်းစည်း) တပ်ထားခြင်း မရှိတော့ကြောင်း သိရသည်။

“ လူတော့ တော်တော်လည်းစည်ပါတယ်။ ပွဲက ရက်ဆက်တိုက်ပဲ ရှိတယ်။ ဒီတစ်လလုံး ပွဲကရှိနေတာ။ ပွဲထဲမှာဆိုလည်း Mask တပ်တဲ့သူတွေ မရှိတော့ဘူး။ Mask တပ်တဲ့သူဆို မရှိသလောက်ပဲ။ ကျနော်တို့ အဖွဲ့ပဲ ရှိတာ Mask တပ်ထားတာလဲ။ လူကြားတိုးတော့ ကိုယ် Mask ကို ပြန်ချွတ်လိုက်ရတယ်” ဟု လင်းခေးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရှင်လောင်းပွဲ

အဆိုပါ Mask (နှာခေါင်းစည်း) မတပ်ပဲ ပွဲတွင်းသွားလာနေမှုကို ကိုဗစ်- ၁၉ ထပ်မံပြန့်ပွားမှာကို ဒေသခံတစ်ချို့က စိုးရိမ်နေကြသည်။

“ စိုးရိမ်စိတ်တော့ ရှိနေသေးတယ်။ ဒါပေမယ့် ကျနော်တို့က ကိုဗစ် ကာကွယ်ဆေးတွေထိုးပြီး ကြပြီဆိုတော့ သိပ်တော့မကြောက်ကြတော့ဘူး။ ကိုဗစ်- ၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေအတွက် ပိုစိုးရိမ်ရတယ်။ သူတို့က ခံနိုင်ရည်သိပ်မရှိထားဘူးလေ။ ပြီးတော့ ကာကွယ်ဆေးထိုးပြီးသား သူတွေကလည်း သိပ်မကြောက်ကြဘူး” ဟု သူက ပြောသည်။

အလားတူ ပင်လုံမြို့၊ လဲချားမြို့၊ သီပေါမြို့၊ မိုင်းပန်မြို့၊ နမ့်လန်မြို့၊ စသည့် မြို့နယ်များတွင်လည်း ရှင်လောင်းပွဲ ပြုလုပ်နေကြပြီး ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းလာကြောင်းသိရသည်။

“ ပွဲလည်းစည်တာပဲ။ လုပ်နေကြတာ။ ကိုဗစ် မရှိသလိုပဲ။ ကြောက်လည်း မကြောက်ကြတော့ဘူး။ Mask (နှာခေါင်းစည်း) လည်း မတပ်ကြတော့ဘူး။ အေးဆေးသွားလာပျော်ပါးနေတာပါ” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်းတွင် ကိုဗစ်- ၁၉ ကူးစက်သူများလည်းရှိနေပြီး အများစုက မိမိနေအိမ်တွင် ကိုယ်တိုင်ကုသ လျက်ရှိနေကြာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး ရှင်လောင်းပွဲအပြန် လမ်းတွင် ငလျင်ကြောင့် ယာဉ်တိုက်မိဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

0
သျှမ်းပြည် ဟိုပုံးမြို့ ရှင်လောင်းပွဲအပြန် လမ်းမှာအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အသက် ၈ နှစ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဟိုပုံးမြို့နယ် ပန်လျှန်းရွာမှ ဒေသခံ ၄ ဦးသည် ဟိုပုံးမြို့ရှိ ရှင်းလောင်းပွဲသွားပြီး ပြန်လာရာ လမ်းတွင်အင်းအားပြင်း...

ခေတ်မကောင်းတဲ့ကြားက လူပျောက်မှု ပြဿနာ

0
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးလူငယ်တွေ ပျောက်ဆုံးမှု ကြေငြာတာတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်စ တစ်စ ရေးတင်လာတာတွေ့ရသလို သတင်းမီဒီယာတွေမှာ လာကြေငြာတာတွေကို တွေ့မြင်နေရပါတယ်။ အချို့ အမျိုးသမီးငယ်တွေဟာ မိဘတွေမသိအောင် နယ်စပ်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ဖို့ ခိုးသွားကြတာရှိသလို အချို့ကျတော့ ချစ်သူရဲ့နောက် ခိုးရာလိုက်သွားတာတွေလည်း ရှိပါတယ်။ အချို့မှာ နေအိမ်ကနေ ထွက်သွားပြီး...

မိုင်းပန် ရှင်လောင်းပွဲ လောင်းကစား ဖွင့်လှစ်ရန် ဘုန်းကြီးကျောင်းကို ကျပ်ငွေ သိန်း (၁၀၀) လှူ

0
သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့ အနောက်ရပ်ကွက်ရှိ မွေတော် ပရိယတ္တိ စာသင်ကျောင်းတွင် ပြုလုပ်သည့် ရှင်လောင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီ မှ လောင်းကစားဝိုင်း ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း သတင်း သိရှိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) ညနေပိုင်း အချိန်မှစပြီး မိုင်းပန်မြို့ မွေတော်...

တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

0
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်...

ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် - ၁၉...