မိုင်းပန် ရှင်လောင်းပွဲ လောင်းကစား ဖွင့်လှစ်ရန် ဘုန်းကြီးကျောင်းကို ကျပ်ငွေ သိန်း (၁၀၀) လှူ

သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့ အနောက်ရပ်ကွက်ရှိ မွေတော် ပရိယတ္တိ စာသင်ကျောင်းတွင် ပြုလုပ်သည့် ရှင်လောင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီ မှ လောင်းကစားဝိုင်း ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း သတင်း သိရှိရသည်။

မွေတော် ပရိယတ္တိ စာသင်ကျောင်း

ယမန်နေ့ (မတ်လ ၁၉ ရက်) ညနေပိုင်း အချိန်မှစပြီး မိုင်းပန်မြို့ မွေတော် ပရိယတ္တိကျောင်းဝန်းထဲတွင် လေးကောင်ဂျင်၊ ဖဲဝိုင်း၊ ကုန်းကင်း (၆) ခုံ နှင့် (၃၆) လုံး ထီ အပါအဝင် လောင်းကစားဝိုင်းအတွက် ယာယီတဲများ လာရောက် ဆောက်လုပ်နေကြောင်း မိုင်းပန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ရှင်လောင်းပွဲက မစသေးဘူး၊ လောင်းကစားဝိုင်းတွေ အရင်စနှင့်နေပြီ။ ၁၀ ရက်အတွင်း လုပ်သွားမယ်လို့တော့ ပြောတယ်။ အရင် တပေါင်းပွဲမှာ လောင်းကစားလုပ်တဲ့သူတွေဘဲ အခုဆက်ပြီး ဒီ ရှင်လောင်းပွဲမှာ လာဖွင့်တာ “ ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းပန်မြို့အတွင်း ပြုလုပ်သည့် ရှင်လောင်းပွဲသည် (မတ်လ ၂၄ ရက်) မှစပြီး လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

လောင်းကစားဝိုင်း

ထို့အပြင် မွေတော် ပရိယတ္တိကျောင်းဝန်းအတွင်း လောင်းကစားဝိုင်း ပြုလုပ်ရန်အတွက်လည်း လောင်းကစားဝိုင်း ဦးစီးသူမှ ကျောင်းထိုင် ဆရာတော်ကို ကျပ်ငွေ သိန်း (၁၀၀) လာဘ်ထိုးထားကြောင်း ဒေသခံ အမျိုးသားတစ်ဦး ပြောသည်။

“ ဒီမှာ လောင်းကစားဝိုင်း ဖွင့်လှစ်ဖို့အတွက် လောင်းကစားဝိုင်း ဦးစီးသူတွေက ကျောင်းထိုင်ဆရာတော်ကို ကျပ် သိန်း (၁၀၀) လှူထားတယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ယင်း ရှင်လောင်းပွဲအတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အသက် ၄၀ နှစ် အမျိုးသားတစ်ဦးက “ အရင်က ရှင်လောင်းပွဲလုပ်ရင် တစ်ခါမှ လောင်းကစားဝိုင်း မလုပ်ဖူးဘူး။ ဒီချိန်မှာ လှူလည်းလှူရမယ်၊ လောင်းကစားဝိုင်းလည်း လုပ်မယ်ဆိုတော့ အိမ်ထောင်ရေး ပြဿနာတွေ ရှုပ်ထွေးမယ်။ အိမ်ထောင်ကွဲမယ်။ ဆိုင်ကယ် ခိုးခံရမလား၊ ကားခိုး ခံရမလား စိုးရိမ်နေရတယ်။ လောင်းကစား လုပ်တဲ့သူတွေကတော့ ရဲတွေ၊ အာဏာပိုင်တွေကို ကျပ် သိန်း (၁၀၀)၊ (၂၀၀) ဖြစ်ဖြစ် ပေးပြီးလုပ်မှာပဲ။ ပြည်သူတွေတော့ အကျိုးဆက်တွေ ခံစားရမှာပေါ့ “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်မြို့တွင်း ပြုလုပ်သည့် ပွဲတိုင်းတွင် စစ်ကောင်စီ မှ လောင်းကစားဝိုင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသဖြင့် (မတ်လ ၉ ရက်) က ခြံအတွင်းရှိ ကြက်သွန်ဖြူများ ခိုးယူနေသည့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...