Wednesday, January 28, 2026

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်စီရင်စုဂိတ်များ ကိုဗစ်-၁၉ ကြောင့် ပိတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်- တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ဝမ်တိန်စီရင်စု (ကျင်ဆန်ကျော့ နှင့် ပန်ဆိုင်း)ဂိတ်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယနေ့ (ဇူလိုင် ၈)ရက်မှ စတင်ပြီး ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

“ ဒီနေ့က ပိတ်လိုက်တာပါ။ ၂ ဂိတ်လုံးကိုပိတ်လိုက်တယ်။ ကိုဗစ် ၁၉ ရောဂါပြန့်ပွားလာလို့ပိတ်လိုက်တာပါ။ ရက်အကန့်သတ်ပိတ်လိုက်တာပါ” ဟု မူဆယ်သစ်သီးပွဲရုံး ဥက္ကဌ စိုင်းခင်မောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်လိုက်သဖြင့် မူဆယ်မြို့ (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ကားများပိတ်မိနေကြောင်း၊ မည်သည့်အချိန်မှ ပြန်လည် ဖွင့်လှစ်မည်ကို မသိရှိကြောင်းလည်း ကားသမားများက ပြောသည်။

“ ကုန်ကားတွေကတော့ အများကြီး ပိတ်မိနေတယ်။ တရုတ်ဘက်က ပိတ်မယ်ဆိုတာ မသိတော့ အခု ကားတွေ လမ်းတလျောက်အပြည့်ပဲ”လို့ တရုတ်ပြည် သို့ ဝင်ရန်စောင့်ဆိုင်းနေသည့် ကားသမားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင်ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများလာသကဲ့သို့တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင်လည်း ကိုဗစ်-၁၉ ပိုးတွေ့မှုများလာကာ လော့ဒေါင်း ပြန်လုပ်နေရသည့် သဘောရှိကြောင်း သိရသည်။

မူဆယ်မြို့တွင်းလည်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများလာသဖြင့်အတွက် တချို့ရပ်ကွက် ဝင်၊ထွက်သွားလာခွင့် လော့ဒေါင်းချထားရသည့်အဆင့်ရှိကြောင်းလည်း စုံစမ်းသိရသည်။

“ မူဆယ်တောင် အခု ကိုဗစ် ကူးစက်ခံရသူတွေက အရမ်းများလာတယ်။ ဆေးရုံတောင်နေရာမဆံ့တော့ဘူး။ တရုတ်ပြည်လည်း ပြန်ဖြစ်တော့ တရုတ်က ကုန်ကားဝင်ထွက်ခွင့်ခဏပိတ်လိုက်တဲ့သဘောပါ။ ဘယ်ချိန်ပြန်ဖွင့်မလဲမသိဘူး” ဟု မူဆယ်မြို့တောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ် ၁၉ ရောဂါ တစ်ဖန်ပြန့်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး အဘက်ဘက်မှ ကျဆင်းလာပြီး လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါကြောင့်လည်း ထက်မံကျဆင်းလာနိုင်ကြောင်း မူဆယ်ကုန်သည်များက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

0
သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ...

မြန်မာ-တရုတ်နယ်စပ် ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်း စွန့်ပစ်ခံရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...

ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

0
လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။ ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင်...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

0
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...

တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်

0
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့်...