Wednesday, January 28, 2026

မိုးနဲ ကိုဗစ်-၁၉လူနာ ၂၆ ရှိ၊ မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်

သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့တွင် ကိုဗစ် – ၁၉ ကူးစက်ရောဂါ တတိယလှိုင်းအတွင်း အတည်ပြုပိုးတွေ့ လူနာ စုစုပေါင်း ၂၆ ဦးရှိသည့် အနက် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်ကြောင်း စုံစမ်းသိရသည်။

လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကတ်နောက်ရွာနေ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးသည် အနံ့မရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အတူနေမိသားစုဝင်များ၊ ထိတွေ့မှု ရှိသူများ စုစုပေါင်း ၆၂ ဦးကို ယမန်နေ့က ဇူလိုင်လ ၂၁ ရက်၊ မနက်ပိုင်းတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ တပ်ဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၄ ဦး တို့တွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း သိရသည်။

“မနေ့မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက အနံမရတော့ဘူးဆိုလို့ သူနဲ့ ထိတွေ့ ဆက်စပ်မှုရှိသူ အားလုံးကို RTD နဲ့ စစ်ပေးလိုက်တယ်၊ အဲ့မှာ သူအပါအဝင် အားလုံး ၁၄ ယောက်မှာ ကိုဗစ်ပိုးတွေ့သွားတယ်၊ အမျိုးသမီး တစ် ယောက်လည်းပါတယ်” ဟု သူနာပြု ဆရာမ နန်းစီနွမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးနဲမြို့နယ် အတွင်းတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု တတိယလှိုင်းမှ ကူးစက်ခံရသူ အတည်ပြု လူနာများ တွေ့ရှိရခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ ၂၁ ရက်အထိ ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၆ ဦး ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို မိုးနဲမြို့နယ် မီးသတ်ဦးစီး ဌာနမှူး ရုံးဝင်းအတွင်းရှိ သီးသန့်ဆောင်တွင် ထားရှိကာ ကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး၎င်းတို့၏ မိသားစုဝင်များကိုလည်း အသွားအလာကန့်သတ် ထားရှိ ထားကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

ခေတ်မကောင်းတဲ့ကြားက လူပျောက်မှု ပြဿနာ

0
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးလူငယ်တွေ ပျောက်ဆုံးမှု ကြေငြာတာတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်စ တစ်စ ရေးတင်လာတာတွေ့ရသလို သတင်းမီဒီယာတွေမှာ လာကြေငြာတာတွေကို တွေ့မြင်နေရပါတယ်။ အချို့ အမျိုးသမီးငယ်တွေဟာ မိဘတွေမသိအောင် နယ်စပ်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ဖို့ ခိုးသွားကြတာရှိသလို အချို့ကျတော့ ချစ်သူရဲ့နောက် ခိုးရာလိုက်သွားတာတွေလည်း ရှိပါတယ်။ အချို့မှာ နေအိမ်ကနေ ထွက်သွားပြီး...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

0
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်...

ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် - ၁၉...