ပင်လုံမြို့ ကိုဗစ်-၁၉ မြင့်တက်မှုနေသည့်ကြား လောင်းကစားနှင့် KTV ဆိုင်များဖွင့်လှစ်နေဆဲ

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ကိုဗစ်-၁၉ ကူးစက်မှု (၁၅) ဦးထိရှိနေသော်လည်း လောင်းကစားနှင့် KTVဆိုင်များ ဆက်လက်ဖွင့်လှစ်နေဆဲ ဟု ဒေသခံများ ပြောပြချက် အရသိရသည်။

ပင်လုံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံနှင့် KTV များပြန်ဖွင့်လာခဲ့ပြီး ကိုဗစ် ၁၉ တတိယလှိုင်းတွင် ည်း ဆိုင်များကိုပိတ်သိမ်းထားခြင်းမရှိကြောင်းသိရသည်။

“ ပင်လုံမှာ ကိုဗစ် ကူးများလာတာက လောင်းကစားတို့ ကနေ ကူးလာတာများတယ်။ KTVတွေကနေကောပဲ။ ညညဆိုဖွင့်ထားတယ်။ မပိတ်ဘူး။ အဲကနေလည်းပြန့်နိုင်တယ်” ဟု ပင်လုံမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားများ နှင့် KTV တို့ကို ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ပြည်သူများ ပိတ်ရန်တောင်းဆိုသော်လည်း မပိတ်ခဲ့ပေ။

ဆက်လက်ပြီး ယခုချိန်သည် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုများလာသောကြောင့် ပြည်သူများအနေဖြင့် တစ်မြို့လုံးကူးမှာကို စိုးရိမ်နေရကြောင်း ပင်လုံမြို့ ဒေသခံများက ဆိုသည်။

“ ကျနော်မြို့ကသေးတယ်။ တစ်မြို့လုံးကူးမှာကို စိုးရိမ်ရတယ်။ အရင်က အရပ်သားအစိုးရလက်ထက်ဆိုရင် ပေးမဖွင့်လို့ ကျနော်တို့မြို့မှာ ကိုဗစ် မရှိဘူး။ အခုကသွားပြောလို့လည်း မရဘူး။ သူတို့က စစ်ကောင်စီနဲ့လုပ်စားနေကြတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပင်လုံမြို့တွင် ယမန့်နေ့ ဇူလိုင် ၁၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၅) ဦးရှိပြီး ထို(၁၅) သည် လောင်းကစားမှ အများဆုံးကူးလာသည့် သူများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များ TNLA ရက်အကန့်သတ်မရှိ ပိတ်ခိုင်း

0
သျှမ်း-မန္တလေးနယ်စပ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်ရှိ KTV များကို ရက်အကန့်သတ်မရှိ ပိတ်ခိုင်းထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ စပြီး မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံသတိပေးပြီးနောက်...