အင်းလေးဒေသ
ညောင်ရွှေမြို့နယ် အင်းလေးထဲ စက်သုံးဆီ ကန့်သတ်ရောင်း စက်လှေသမားများ အခက်ကြုံ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသဖြင့် စက်လှေသမားများ အခက်ကြုံနေကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စတင်ပြီး စက်သုံးဆီ ဒီဇယ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ကန့်သတ်မှုထက် ပိုသုံးလိုလျှင် ငွေပိုပေးရကြောင်း စက်လှေသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
အင်းလေးတောင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်နေကြောင်း တောင်သူများက ပြောဆိုသည်။ အင်းလေးတောင်သူများသည် ယခင်(၂၀၂၃)ခုနှစ် မှ ငရုပ်ပွစိုက်ပျိုးရာ အမြတ် ကျပ်(သိန်း၅၀) မျှရရှိသော်လည်း ယခုနှစ်များတွင် မျိုးစေ့ မဖြစ်ထွန်းမှုနှင့်အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးဖြင့် ရင်ဆိုင်နေရသည်ဟု တောင်သူအမျိုးသမီး တစ်ဉီးက...
အင်းလေးတွေ ကျေးရွာအများအပြား ရိက္ခာပြတ်လပ် အကူညီလိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေမြင့်တက်မှု ဆိုးဝါးနေပြီး လက်ရှိတွင် အင်းလေးကန်အတွင်းရှိကျေးရွာများတွင် ရိက္ခာများပြတ်လပ်နေပြီး အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၆) အင်းလေးကန်တွင်းရှိကျေးရွာများတွင် ရိက္ခာများပြတ်လပ်နေပြီး စားနှပ်ရိက္ခာ အကူအညီများစွာ လိုအပ်နေကြောင်း အင်းပေါခုံကျေးရွာတွင်နေထိုင်သည့် အသက် ၂၀ကျော် အရွယ်ရှိ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “၃ ရက်တွင်း...
ခရမ်းချဉ်သီးဈေးကျ၊ စိုက်ပျိုးသူများအရှုံးပေါ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် အင်းလေးဒေသတွင် ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးပေါ်နေသည်ဟု စုံစမ်းသိရသည်။ ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀) ကျပ်သာရှိပြီး ယခု (ဩဂုတ်လ)တွင် တစ်ပိဿာဈေးနှုန်း (၃၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း အရှုံးများစွာပေါ်နေသည်ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်သီးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပင်လောင်းစစ်ရှောင်ပြည်သူများအတွက်ပါ...
အင်းလေးတွင် KPay ငွေလွှဲထားသူများကို စစ်ကောင်စီလက်အောက်ခံ PNO မှ ဝင်ရောက်စစ်ဆေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးမြောက်ဘက် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ကျေးရွာရပ်ကွက်ထဲ ဝင်ရောက်ကာ KPay ဖြင့် ငွေအဝင်အထွက် ရှိသူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး PNO မှ အစစ်အဆေး ပိုမို တင်းကျပ်လာကာ လမ်းသွားလမ်းလာနှင့် ဒေသခံများကို နေအိမ်အထိ...
အင်းလေး စက်လှေလုပ်သားများ စားဝတ်နေရေးပိုကြပ်တည်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့ကြောင့်...
အင်းလေးဒေသ ညောင်လေးပင်တိုက်ပွဲ တော်လှန်ရေးဘက်တော်သား ၅ ဦးကျဆုံး
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ ညောင်လေးပင်ရွာအနီး ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားရာ တော်လှန်ရေး ဘက်တော်သား ၅ ဦး ကျဆုံးခဲ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။ ဒေသတွင်း စစ်ကြောင်းထိုးနေသည့်...
အင်းလေးဒေသကို ပြည်သူ့ကာကွယ်ရေး IPDFစတင်အခြေချနေပြီဟုဆို
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တို့ စတင် အခြေချနေပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် အင်လေးလူထုလှုပ်ရှားမှုအဖွဲ့များမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက် သျှမ်း-ကရင်နီ (ကယား)ပြည်နယ်စပ် ဖယ်ခုံမြို့ရှိ အင်းအရှေ့ခြမ်း ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များ...
အင်းလေးဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ချိတ်ပိတ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လင်မယား ၂ ဦးသည် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီး ၎င်းတို့၏ နေအိမ်ကိုပါ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းဆီးခံရသည့် လင်မယား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု...
အင်းလေး လူမှုရေးအသင်း နိုင်ငံရေး နှင့်ပတ်သက်ပြီး ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လူမှုကူညီရေးအသင်းများ နိုင်ငံရေး နှင့် ပတ်သက်ပြီး ပြောဆိုမှုရှိပါက အဖွဲ့အစည်းကို ဖျက်သိမ်းပြီး အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။ . စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း နိုင်ငံရေးအခြေအနေ နှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားပေးသည့်အပြင် နိုင်ငံရေး နှင့် ပတ်သက်စပ်ဆက်မှုရှိပါက...





