Friday, June 2, 2023

သျှမ်းနှစ်သစ်ကူး

ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...

RCSS/SSA ဥက္ကဌ အချင်းချင်း အမုန်းစကားမပွားရန် ပြည်သူများကို မှာကြား

သျှမ်းလူထုများအနေဖြင့် တစ်ဦးနှင့် တစ်ဦး အမုန်းစကားမပွားကြရန် အပြစ်တင်မီးမှောင်းထိုးမပြောရန် သျှမ်းပြည်ပြန်လည် ထူးထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားလိုက်သည်။ အဆိုပါပြောဆိုမှုသည် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဝတ်ကူမန့်ဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ၂၂ရက် တွင် ပြုလုပ်သည့် သျှမ်းနှစ်သစ်ကူးပွဲတွင် တက်ရောက်ပြောဆိုခဲ့သည်။ “ကျနော်မှာကြားချင်တာကတော့ အမုန်းစကားတွေမပွားကြရန်။ အမှားကြီးနဲ့...

ကိုဗစ် ၁၉ ကြောင့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ကြီးကျယ်စည်ကားစွာ မကျင်းပ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ နှစ်သစ်ကြိုဆို

သျှမ်းပြည်နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များပြားနေသောကြောင့် ယနေ့ကျရောက်သော သျှမ်းနှစ်သစ်အတွက် နှစ်သစ်ကူးပွဲတော်အား မြို့နယ်တိုင်းတွင် ကြီးကျယ်ခန်းနားစည်ကားစွာမကျင်းပခဲ့ကြောင်းသိရသည်။    ဒီဇင်ဘာလ ၁၄ ရက်ယမန်နေ့က သျှမ်းသက္ကရာဇ် ၂၁၁၄ ခု ကုန်ဆုံးသည့်ရက်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် ယနေ့မှာမူ သျှမ်းသက္ကရာဇ်အသစ် ၂၁၁၅ ခု...

စစ်ဒဏ်ကြောင့် မကျင်းပနိုင်ခဲ့တဲ့ သျှမ်းနှစ်သစ်ကူးပွဲတော် (ရိုးရာကောက်သစ်လှူပွဲ)

  “ စစ်ပွဲကို ကြောက်၊ စစ်သားကို ကြောက် လို့ တိတ်ဆိတ်စွာနဲ့ နှစ်ကူးခဲ့တာ ၄ နှစ်ရှိသွားပါပြီ” လို့ အသက် ၄၀ ကျော် နန်းယိင်း က ပြောပြပါတယ်။ သူမက သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ မှာ နေထိုင်တဲ့ ဒေသခံ...

အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ သင့်မြတ်ပါမှ တအိမ်သားလုံး ငြိမ်းချမ်းပျော်ရွှင်မယ်

(သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ၊ လက်ရှိ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း ၏ ၂၁၁၃ သျှမ်းနှစ်သစ်ကူး ဆုမွန်စကား) အိမ်ထောင်မှုတခုမှာဆိုရင် အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ တို့ မသင့်မြတ်ကြဘူးဆိုရင် သားသမီးတွေ မြေးမြစ်တွေ အိမ်သားအားလုံးက ပျော်ရွှင်မှုရှိမှာမဟုတ်ဘူး။ သင့်မြတ်မှုလည်းရှိမှာမဟုတ်ဘူး။ ပျော်ရွှင်မှုမရှိရင် တခြားကိုပြောင်းရွှေ့မယ် တခြားအိမ်မှာသွားပြီးမှီခိုနေထိုင်မယ် -...

နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ သယ်ဆောင်

လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက်  တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်သယ်ဆောင်ခြင်းဖြစ်သည်။ “လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ...

Latest news