Wednesday, January 28, 2026

စစ်ဘေးရှောင် ရန်ပုံငွေ အတွက် RCSS ဌာနချုပ်တွင် သျှမ်းနှစ်သစ်ကူး ကျင်းပမည်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေ အတွက် သျှမ်းနှစ်သစ်ကူး ကျင်းပသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

RCSS

RCSS/SSA ဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်းတွင် ဒီဇင်ဘာ ၁၂ရက် သျှမ်းနှစ်သစ်ကူးအကြို ပြုလုပ်သွားမည်ဖြစ်ပြီး၊ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေများရှာဖွေကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကျနော်တို့က ပွဲကြီးကြီးမားမားလုပ်မှာ မဟုတ်ပါဘူး။ ဓလေ့ ရိုးရာ ထိန်းသိမ်းတဲ့အနေနဲ့ပဲလုပ်သွားမှာပါ။ ပြီးတော့ ပွဲမှာ လည်း စစ်ရှောင် ရန်ပုံငွေအတွက် ရှာဖွေပြီး လှူဒါန်းသွားမယ်။ စစ်ရှောင်ကူညီသွားမယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံ က ဆိုသည်။

RCSS ဌာနချုပ် လွိုင်တိုင်းလျန်း  သျှမ်းနှစ်သစ်ကူးလာမည့်သူများကို ဒီဇင်ဘာ ၁၁ရက်တွင် စတင် ဧည့်ခံကြိုဆိုသွားမည် ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ရက် ညတွင် သျှမ်းနှစ်သစ်ကူး ကြိုကာ  ဒီဇင်ဘာ ၁၃ရက်တွင် နံနက်(၆)နာရီခွဲတွင် နှစ်သစ်မိတ်ဆုံစားပွဲ ပြုလုပ်သွာမည်ဟု Tai Freedom Shan Vision တွင် ထုတ်ပြန်ထားသည်။ 

အလားတူ ထိုင်နိုင်ငံ ချင်းမိုင်မြို့ ဝက်ဂူတောက် ဘုန်းကြီးကျောင်းတွင်လည်း သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များ အတွက် ရန်ပုံငွေရှာဖွေပွဲနှင့်  သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပသွားမည်ဟု သိရသည်။

အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၈သောင်းကျော်ထိ တိုးလာပြီး၊ အရပ်သားသေဆုံးမှု ၁၀၀နီးပါးထိရှိလာကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စာရင်းအရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...