အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ သင့်မြတ်ပါမှ တအိမ်သားလုံး ငြိမ်းချမ်းပျော်ရွှင်မယ်

(သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ၊ လက်ရှိ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း ၏ ၂၁၁၃ သျှမ်းနှစ်သစ်ကူး ဆုမွန်စကား)

အိမ်ထောင်မှုတခုမှာဆိုရင် အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ တို့ မသင့်မြတ်ကြဘူးဆိုရင် သားသမီးတွေ မြေးမြစ်တွေ အိမ်သားအားလုံးက ပျော်ရွှင်မှုရှိမှာမဟုတ်ဘူး။ သင့်မြတ်မှုလည်းရှိမှာမဟုတ်ဘူး။ ပျော်ရွှင်မှုမရှိရင် တခြားကိုပြောင်းရွှေ့မယ် တခြားအိမ်မှာသွားပြီးမှီခိုနေထိုင်မယ် – ဒါတွေဟာ လောကဓမ္မတာ ပါဘဲ။

သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ၊ လက်ရှိ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း

အဲတာကြောင့် သျှမ်းမဟုတ်တဲ့ သျှမ်းပြည်တိုင်းရင်းသားခေါင်းဆောင် တဦးက အမှာစကားပြောလာတာကို ပြန်လည်ပြောပြရမယ်ဆိုရင်…. “ကျနော်တို့ဟာ သျှမ်းပြည်မှာ သျှမ်းညီကိုတိုင်းရင်းသားတွေနဲ့အတူတကွနေလာတာ ကြာရှည်လှပါပြီ။ သျှမ်းတွေကို ကျနော်တို့အားကိုးပါတယ်။ ဆက်ပြီးတော့လည်း အားကိုးချင်ပါတယ်။ တခြားတပါးသူကိုမအားကိုးချင်ပါဘူး။ တခြားတပါးသူတွေဆိုတာ ကျနော်တို့အပေါ် အထင်အမြင်ဘယ်လောက်သေးကြောင်း ကျနော်တို့သိပါတယ် ။ သို့ပေမယ့်အခုအခြေအနေက သျှမ်းတွေက ကျနော်တို့ကို အားကိုးအားထားရတဲ့ပုဂ္ဂိုလ် မဖြစ်တော့ပါဘူး။ ကျနော်တို့အတွက်မပြောသေးနဲ့ သျှမ်းအချင်းချင်းအတွက်တောင်မှ အားကိုးလို့မရတဲ့အခြေအနေဖြစ်နေပါတယ်။ စည်းလုံးညီညွတ်ခြင်း တစိတ်တဝမ်းတည်းရှိခြင်း ဆိုတာထက် – ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတာမျိုးဖြစ်နေတဲ့ခါကျတော့ ဘယ်သူမှ အေးအေးချမ်းချမ်းမနေရဘူး။ အဲလို အေးချမ်းမှုမရှိဘဲ စစ်ဘေးရှောင်နေရရင်တော့ ခုနပြောသလိုပါဘဲ .. ကိုယ့်ကိုဘယ်လောက်ဘဲ အထင်အမြင်သေးသေး သူများကိုဘဲ အားကိုးအားထားပြုသွားရပါလိမ့်မယ် ”- လို့ပြောပါတယ်။

“အဲတာကြောင့် ကျနော်တို့ သျှမ်းခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက သျှမ်းနှစ်သစ်ကူးကစပြီး သျှမ်းပြည်လူထုတရပ်လုံးက အားကိုးအားထားပြုရတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် စွမ်းဆောင်ပေးပါ။ စည်းလုံးညီညွတ်စွာဖြင့် တစိတ်တဝမ်းတည်းရှိမှသာ သျှမ်းပြည်သားအားလုံး အေးချမ်းစွာနေရပါမယ်။ သျှမ်းပြည်တွင်းမှာ အတူတကွနေထိုင်လာတဲ့ တိုင်းရင်းသားညီအကိုမောင်နှမ တိုင်းရင်းသားတွေအားလုံးကလည်း အေးချမ်းပျော်ရွှင်စွာနေရပါလိမ့်မယ်။ သူတို့အေးချမ်းပျော်ရွှင်ရင် တခြားတပါးသူဆီမှာ သွားပြီးအားကိုးခိုလှုံစရာမလိုတော့ပါဘူး။ သျှမ်းပြည်ကြီးအေးချမ်းသာယာရင် ပြည်ထောင်စုကြီးလည်းအေးချမ်းသာယာပါလိမ့်မယ် ” – လို့ အဲဒီခေါင်းဆောင်က တိုက်တွန်းပြောဆိုလာပါတယ်။ အရမ်းကိုမှန်ကန်တဲ့တိုက်တွန်းချက်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကတော့ သူများဆီကနေ မျှော်လင့်နေတာထက် ကိုယ့်ဟာကိုလုပ်ယူရမယ်လေ။ ဗုဒ္ဓမြတ်စွာဘုရားလည်းဟောကြားထားတယ်။ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ကနေလာတာ။ သျှမ်းပြည်သားတိုင်းရဲ့နှလုံးသားမှာ ငြိမ်းချမ်းရေးတရားရှိရင် တယောက်အပေါ်တယောက်က ငြိမ်းချမ်းရေးစိတ်တွေရှိနေမယ်ဆိုရင် သျှမ်းပြည်အနှံ့သာမက ပြည်ထောင်စုတဝှမ်းလုံးကို ငြိမ်းချမ်းရေး ကလွှမ်းမိုးသွားပါလိမ့်မယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံအထိပါ ကူးစက်လွှမ်းမိုးသွားပါလိမ့်မယ်။

ခုနက ပြောသွားသလိုပါဘဲ။ အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ တို့ အဆင်ပြေ သင့်မြတ်ချစ်ကြည်ပြီး ငြိမ်းချမ်းကြမယ်ဆိုရင် အိမ်သားအားလုံးလည်း ငြိမ်းချမ်းစွာအတူတကွနေထိုင်ကြမှာဖြစ်ပြီးတော့ တခြားအိမ်၊ အိမ်နီးချင်း တွေမှာ သွားပြီးခိုလှုံမှာဟုတ်ဘူး။ အဲလိုဆိုရင် ကိုယ်လည်း အေးချမ်းမယ် သူများလည်းအေးချမ်းမယ်။ အရမ်းကိုအကျိုးရှိပါတယ်။

အဲဒီအကျိုးရှိတဲ့အချက်တွေကို အဖွဲ့အစည်းအတွင်းမှာလည်း သုံးမယ်ဆိုရင် ဥပမာ ကျနော်တို့ သျှမ်းသံတော်ဆင့်သတင်းဌာနအဖွဲ့ထဲမှာလည်းဘဲ စည်းလုံးညီညွတ်ရေး တည်ဆောက်ရမယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတာကိုမလုပ်ဘဲနဲ့ စည်းချက်ညီညီ စည်းလုံးညီညွတ်ကြမယ်ဆိုရင် အဖွဲ့အစည်းအတွင်းမှာဘဲ ငြိမ်းချမ်းရေးရသည်သာမက တခြားသော စစ်တပ်ဖက်ကလား၊ ပါတီလား၊ လူမှုအခြေပြုအသင်းအဖွဲ့လား၊ စာပေယဉ်ကျေးမှုအဖွဲ့လား စတာတွေမှာလည်း ငြိမ်းချမ်းရေး ကူးစက်ပျံ့နှံ့သွားမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတာ တခြားအဖွဲ့ကို ရန်သွားမူတာမဟုတ်ဘဲနဲ့ မိမိကိုယ်ကိုကာကွယ်တာတော့ဖြစ်ရပါမယ်။

ငြိမ်းချမ်းရေးဆိုတာ တပါးသူကို ရန်သွားမမူဘူး ဆိုရင် ဒီ ၂၀၁၉ ခုနှစ်ဟာ ကျနော်တို့အတွက် နှစ်ကောင်းနှစ်မြတ် ဖြစ်မယ်လို့ယုံကြည်ပါတယ်။ ဒီနှစ်ဟာဆိုရင်တော့ သျှမ်းပြည်သားအားလုံးအတွက် အမိသျှမ်းပြည်ကြီးဟာ အမှောင်တိုက်ဖုံးနေပါပြီ။ သန်းခေါင်ယံထက်ညနက်တာမရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေတယ်။ ဒါပေမယ့် အမှောင်ရဲ့ တခြားတဘက်မှာတော့ အလင်းတော့ရှိစမြဲဘဲ။ အလင်းရောင်ခြည်လေးသန်းလာရင် ကျနော်တို့လည်းအခွင့်ကောင်းယူပြီးတော့ ငြိမ်းချမ်းရေးကိုတည်ဆောက်ရပါမယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတကွ တည်ဆောက်ကြပါမယ်။

ကျနော်တို့သက်တမ်းမကုန်ဆုံးခင်အချိန်လေးမှာတော့ ဒီအတိုင်း လုပ်သွားရမယ်လို့ကျနော်မြင်မိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကိုတည်ဆောက်သွားမယ်။ နောက်လိုက်ဗိုလ်ပါတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ထူထောင်ပေးမယ်။ ညီကိုမောင်နှမတွေ၊ မိတ်ဆွေအပေါင်းအဖော်တွေကို ကူညီဖေးမ မယ်။ သျှမ်းပြည်အတွင်းရှိ အဖွဲ့အစည်း ကြီးငယ်မရွေး ထူထောင်သွားမယ်လို့ ကျနော်က ကတိပေးရင်း မင်္ဂလာနှစ်သစ်အတွက် စကားလက်ဆောင်ပါးချင်ပါတယ်ခင်ဗျ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...