ကိုဗစ် ၁၉ ကြောင့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ကြီးကျယ်စည်ကားစွာ မကျင်းပ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ နှစ်သစ်ကြိုဆို

သျှမ်းပြည်နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များပြားနေသောကြောင့် ယနေ့ကျရောက်သော သျှမ်းနှစ်သစ်အတွက် နှစ်သစ်ကူးပွဲတော်အား မြို့နယ်တိုင်းတွင် ကြီးကျယ်ခန်းနားစည်ကားစွာမကျင်းပခဲ့ကြောင်းသိရသည်။   

Photo Credit to Cherry FM-ချယ်ရီ FM က အွန်လိုင်း မှ ပြုလုပ်ကျင်းပသော ၂၁၁၅ ခုနှစ် းသျှမ်းနှစ်သစ်ကူးပွဲတော်

ဒီဇင်ဘာလ ၁၄ ရက်ယမန်နေ့က သျှမ်းသက္ကရာဇ် ၂၁၁၄ ခု ကုန်ဆုံးသည့်ရက်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် ယနေ့မှာမူ သျှမ်းသက္ကရာဇ်အသစ် ၂၁၁၅ ခု ကိုရောက်ရှိပြီဖြစ်သည်။

ယခင်နှစ်များက သျှမ်းနှစ်ကုန်ရက်များတွင် မြို့နယ်တိုင်း သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဉီးစီးကာ သျှမ်းနှစ်သစ်ကူးပွဲတော်၊ ကောက်သစ်လှူပွဲ ၊ ကောက်သစ်စားပွဲတော်ကို ကြီးကျယ်ခမ်းနားစည်ကားစွာကျင်းပခဲ့ကြသည်။

ယခုနှစ် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်တက်လာနေသဖြင့် ကျန်းမားရေးနှင့် အားကစားဝန်းကြီးဌာနကလည်း  လူ ၃၀ နှင့်အထက်လူစုလူဝေးမလုပ်ရဟုထုတ်ပြန်ကြေညာ ထားသောကြောင့် သျှမ်းနှစ်သစ်ကူးပွဲကို မြို့နယ်တော်တော်များများမကျင်းပတော့ဘဲ မိမိရပ်ရွာအတွင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ နှစ်သစ်ကြိုဆိုကြကြောင်း သျှမ်းစာပေယဉ်ကျေးမှုအတွင်းလှုပ်ရှားသူများကပြောဆိုကြသည်။

အလားတူ သျှမ်းလူငယ်များအကြိုက်များသော သျှမ်းအဆိုတော်များလည်း Stay Home နေသူများအတွက် အွန်လိုင်းတွင် တေးသီချင်းများသီဆိုဖျော်ဖြေကြကာ အွန်လိုင်းမှသာ နှစ်သစ်အားအတူတကွကြိုဆိုကြသည်။

Photo Credit to Rain Studio – သျှမ်းပြည်မြောက်ပိုင်း ရွှေလီဒေသရှိ Rain Studio မှ သျှမ်းအဆိုတော်တချို့ဖြင့် အွန်လိုင်းမှ တေးသီချင်းများဖျော်ဖြေကာ ၂၁၁၅ နှစ်သစ်ကို အွန်လိုင်းမှအတူတကွ ကြိုဆိုကြပုံ

“ ကျန်းမာရေးနဲ့ အားကစားဝန်းကြီးဌာန ကလည်း လူစုလူဝေး မလုပ်ရဘူးလို့ ထုတ်ပြန်ထားတယ်။ အဲတာကြောင့် တောင်ကြီးမြို့မှာဒီနှစ် သျှမ်းနှစ်သစ်ကူးပွဲမကျင်းပဖြစ်ပါဘူး။   ” ဟု သျှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ  လုံးစိုင်းနွတ် ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းနှစ်သစ်ကူးအခါသမယ တနှစ်တကြိမ်သာရှိသောကြောင့်  ကြီးကျယ်ခမ်းနားမကျင်းပနိုင်ခဲ့သော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရိုးရာမပျက်ကြိုဆိုကြသည်မှာကောင်းသောလက္ခဏာဖြစ်ကြောင်း  ပင်လုံမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ လုင်းစိုင်ဆွေညွှန့်က‌ပြောသည်။

“  ပွဲမကျင်းပနိုင်လည်း ကောက်သစ်လေးနဲ့ ရဟန်းသံဃာ တွေကို ဆွမ်းကပ်လှုဒါန်း တာလည်း နှစ်သစ်မင်္ဂလာ  ယူနိုင်တာဘဲ” ဟု လုံးစိုင်းဆွေညွှန့်က ပြောသည်။

Photo Credit to Sai Vi Zaw Kham- သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ အုမ်တိန်းရွာမှ ရွာသားများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သျှမ်းနှစ်သစ်ကူးကြိုဆိုကြပုံ

  ယခုနှစ် သျှမ်းနှစ်သစ်ကူးကာလတွင် နှစ်သစ်ကူးပွဲတော်မကျင်းပတော့ဘဲ မိမိနေအိမ်အတွင်းတွင်ပျော်ပွဲစားသောက်ပြီး နှစ်သစ်ကြိုဆိုကြခြင်း၊ အွန်လိုင်းတွင်သာ သီဆိုဖျော်ဖြေ ၊ နှစ်သစ်ကြိုဆိုခြင်းများသာ ပြုလုပ်ခဲ့ကြသည်ကိုသာတွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...