Friday, September 13, 2024

သီပေါမြို့နယ်

ရဲများ၏ မူးယစ်ရှင်းလင်းရေးလုပ်ငန်း လူထုအားရကျေနပ်မှုမရှိသေး သီပေါဒေသခံပြော

သီပေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးသောက်သုံးသူ၊ ရောင်းဝယ်ဖောက်ကားများ၏ တဲများကို ရဲများဝင်ရောက်ဖျက်ဆီးခဲ့သည်နှင့်ပတ်သက်၍ ဒေသခံလူထု အားရကျေနပ်မှုမရသေးကြောင်း ပြောဆိုနေကြသည်။ ဩဂုတ်လ ၂၅ ရက်နေ့က သီပေါမြို့နယ် ကုန်းမုံရွာရှိ မူးယစ်ဈေးတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ တဲများကို ရဲများကဝင်ရောက်ဖမ်းဆီးရာ ဆေးရောင်းသူသာဖမ်းမိသည့်အပေါ် ဒေသခံလူထု မကျေမနပ်ဖြစ်နေရခြင်းဖြစ်ပါသည်။ အဲဒီနေရာမှာတဲထိုးပြီး ဆေးသုံးနေကြတာ ကြာလှပြီ။ ရဲတွေက ဝင်မဖမ်းဘူးလေ။ ဆေးသုံးသူတွေကို...

သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။ ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက - “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။...

သီပေါမြို့နယ်အတွင်း အစိုးရ တပ်သား မိသားစုဝင် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လီကျေးရွာ တွင် စျေးဝယ်ပြီး ပြန်လာသည့် အစိုးရ တပ်မတော် မှ တပ်သား မိသားစု ၃ ဦး ပစ်သတ်ခံရသည်ဟုသိရသည်။ သြဂုတ် ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ပစ်သတ်ခံရပြီး သေဆုံးသွားသည့် တပ်မိသားစုဝင် ၃ ဦးမှာ သီပေါ...

သီပေါမြို့တွင် ပြောင်းအဝယ်ဒိုင် ရွာသားတဦး ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စံဖိတ်ရွာသားတဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ၀င်ရောက် ပစ်ခတ်သောကြောင့် သေဆုံးသွားရကြောင်းသိရသည်။ ဂျူလိုင်လ ၂၆ ရက် ည ၁၀ နာရီခန့်က သီပေါမြို့နယ် စံဖိတ်အုပ်စု စံဖိတ်ရွာသား ဦးစိန်ဝင်း (အသက် ၄၄ နှစ်) အား မျက်နှာဖုံးစွပ်ထားသော သေနတ်သမားတဦးက နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ်ရာ...

တိုက်ပွဲဖြစ်ပွားရာ မိုင်းကိုင်ဘက်သို့ စစ်အင်အားအပြိုင်ဖြည့်နေမှု သျှမ်းလူထုစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်စပ် သီပေါမြို့နယ် နှင့် မိုင်းကိုင် မြို့နယ်အတွင်း အစိုးရတပ် အင်အားအများအပြား ဖြည့်တင်းသကဲ့သို့ သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးလည်း အင်အားပိုမိုဖြည့်တင်း နေသည်ဟု ဒေသခံတပ်မှူးများပြောပြချက်အရသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက် မဲခရိုင် သီပေါမြို့ နယ်အတွင်း...

သီပေါမြို့က စားသောက်ဆိုင် ပိုင်ရှင်လင်မယား ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွင် ထမင်းဆိုင် ဖွင့်ထားသည့် မြို့ဆင်ခြေဖုံးနေလင်မယားနှစ်ဦး ယမန်နေ့ညသန်းခေါင်ခန့်က ပစ်သတ်ခံရသည်ဟု သိရှိရသည်။ ၂၀၁၈ ဇွန်လ ၁၅ ည ၁၀ နာရီကျော်အချိန် မူစယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ ဝမ့်ဆွန်အွဲ့ (ကြံခင်းရွာ) ညောင်ပင် အနီး စားသောက်ဆိုင်ပိုင်ရှင်လင်မယားဖြစ်သည့် စိုင်းစံညွှန့် နှင့် နန်းရွှေကြည်တို့...

သီပေါ-နမ့်လန်ရေကြီးမှု ကွင်းဆင်းကြည့်ရှုသည့် အုပ်ချုပ်ရေးမှူး ဓါးဖြင့်လိုက်ခုတ်ခံရ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ရွာ နေအိမ်များအတွင်း တောင်ကျရေစီးဝင်ရာတွင် ရပ်ကွက်တွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးမှူးများအဖွဲ့အား ကျေးရွာတွင်းလာရောက်မှီခိုနေထိုင်သူတဦးက ဓါးဖြင့်လိုက်ခုတ်ရာ ၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ရပ်ရွာလူကြီး၊ နယ်မြေမှူးများပါ၀င်သည့် အဖွဲ့က ရေဘေးသင့်...

သီပေါ – ကျောက်မဲကြား တိုးဂိတ်တခု ရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့်အာဏာပိုင်များထံ သီပေါလူထုတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် လွှတ်တော်အမတ်များ၊ မြို့နယ်အာဏာပိုင်းများနှင့် ဒေသခံလူထုတို့တွေ့ဆုံဆွေးနွေးကြရာ ဒေသခံလူထုဘက်မှ လမ်းပန်းဆက်သွယ်ရေးအပါအဝင် သီပေါ ကျောက်မဲကြား တိုးဂိတ်တခု ဖြုတ်သိမ်းပေးရန်တောင်းဆိုခဲ့သည်ဟု သိရသည်။ ဇွန်လ ၅ ရက်နေ့က သီပေါမြို့ မြို့တော်ခန်းမတွင် ဒေသခံလူထုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော နန်းစမ်းစမ်းအေးနှင့် စိုင်းခမ်းအောင် တို့နှင့်အတူ မြို့နယ်အာဏာပိုင်များတွေ့ဆုံခဲ့ကြသည်။...

သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ ဦး မေ ၂၀ ရက် မနက် ၁ နာရီတွင် သေနတ်ပစ်ခံရပြီး မန္တလေး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။ “ သေနတ်ပစ်ခံရတာက လင်မယား ၂ယောက်ပါ။ အမျိုးသားကတော့ ပေါင် မှာ...

သီပေါမြို့နယ် အတွင်း ၂ ရက်ဆက်တိုက် အရပ်သား သေနတ်ပစ်ခံနေရ တဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂ ရက်ဆက်တိုက် အရပ်သား ၄ ဦးအား အမည်မသိ လက်နက် ကိုင်လူတစုက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာ တဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၈ ရက်နေ့က သီပေါမြို့နယ် ရေပူ (ကြံခင်း)...

Latest news