Tuesday, January 27, 2026

သီပေါမြို့ နယ် အတွင်းအမျိုးသားတဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နောင်အန်းကျေးရွာ အနီးတွင် အမျိုးသားတဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှုရှိခဲ့ရာ လက်သည်အား မသိရကြောင်း သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အသင်းကပြောသည်။

Photo Shar Htat Paing/ သီပေါမြို့နယ် နောင်အန်းကျေးရွာ အနီးတွင် အမျိုးသားတဦး သေနတ် ဒဏ်ရာဖြင့် သေဆုံး သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အသင်းက ကျောက်မဲမြို့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့

အောက်တိုဘာ ၁ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်က သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသော အမျိုးသား၏ ရုပ် အလောင်းအား ရွာသားများက တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအမျိုးသားသည် အသက် ၃၄ နှစ် ခန့်သာရှိပြီးမည်သည့် အဖွဲ့ မှ လာရောက်ပစ်ခတ်သည်ကိုလည်း မသိရှိကြောင်း၊ အဆိုပါအမျိုးသား၏ အလောင်းအား ကျောက်မဲမြို့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ အသင်းမှကိုမျိုး က ပြောသည်။

“ သေနတ်ဒဏ်ရာက နောက်ကျောမှာ။ ဖြစ်တဲ့နေရာက နောင်အန်းကျေးရွာ အနီးက ပြောင်းခင်းနားမှာပါ ဘယ်အဖွဲ့လုပ်တယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ သေနတ်ပစ်ခံရပြီး အမျိုးသားတယောက်သေနေတယ်ဆိုတဲ့ သတင်း ကျနော်ဆီရောက်တော့ကျနော် သွားသယ်ပြီးကျောက်မဲဆေးရုံကို ပို့လိုက်တာပါ” ဟု ကိုမျိုးက ဆိုသည်။

၄င်းနှင့် ပတ်သတ်ပြီး သီပေါမြို့နယ် ရဲစခန်းမှ အမျိုးသားတဦး သေနတ်ပစ်ခတ် သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ မည်သည့်အဖွဲ့ ပစ်သည်ကို စုံစမ်းနေဆဲ ဟုလည်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ကျနော်တို့ သီပေါမြို့နယ် မှာ မကြာခဏ ပစ်ခတ်မှုတွေ သေဆုံးမှုတွေ ဖြစ်တယ်။ ရဲတပ်ဖွဲ့ကလည်း တခါမှ တရားခံဖမ်းမိတယ်ဆိုတာ မရှိဘူး။ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူနေရပါတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသား တဦးက ပြောသည်။

ယခုနှစ် အတွင်း သီပေါမြို့နယ် တွင် အရပ်သား ပြည်သူ အကြောင်းမဲ့ ပစ်ခတ်ခံရမှု ၁၀ဦးခန့် ရှိကြောင်း သီပေါ နာရေး ကူညီမှု အသင်း၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...