Tuesday, January 27, 2026

အထက်ရဲရွာရေကာတာတည်ဆောက်ဖို့ လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများ ဆန့်ကျင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ် ထုတ်လုပ် ရေး အတွက် လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများလွှတ်တော်အမတ် များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Photo by SHAN/ သီပေါမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့မနက် က သီပေါဒေသခံလူထု ၊ လွှတ်တော်အမတ်များ ၊ လယ်သမားများ စုစုပေါင်း အင်အား ၁၀၀၀ ခန့်တွေ့ဆုံ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့မနက် က သီပေါဒေသခံလူထု ၊ လွှတ်တော်အမတ်များ ၊ လယ်သမားများ စုစုပေါင်း အင်အား ၁၀၀၀ ခန့်တွေ့ဆုံဆွေးနွေးကြပြီး ဆန့်ကျင်ကြောင်း ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

ဒေသခံများ အစဉ်တလျှောက်ကန့်ကွက်သည့်ကြား အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက် တည်ဆောက်သွားရန်အစိုးရမှ လုပ်ဆောင်နေသည့်အပေါ် လူထုအနေဖြင့် များစွာစိတ်မကောင်းမိကြောင်း ဒေသခံနန်းလောဝ်ခမ်းကပြောသည်။

အစိုးရနဲ့ ကုမ္မဏီတွေကို ကျမတို့ရွာသားတွေအနေနဲ့ တောင်းဆိုချင်ပါတယ်။ လူထုသဘောထားကိုနားထောင်ပါ ရေကာတာတည်ဆောက်မှုကို ရပ်ပေးစေချင်ပါတယ်။ လူအနည်းစုကောင်းစားရေးအတွက် မိမိနိုင်ငံက ဒေသခံလူထု ဒုက္ခရောက်ရမယ့်အရေးကိုတော့ စဉ်းစားပေးစေချင်ပါတယ်။ လူထုဒုက္ခမရောက်စေဘဲ တခြားနည်းလမ်းနဲ့ လျှပ်စစ်မီးလင်းရေး တိုးတက်တဲ့နိုင်ငံတွေဆီက ဗဟုသုတကိုလေ့လာပြီး လုပ်ပေးပါ လို့အနူးအညွတ်တောင်းချင်တယ်။ ကျမတို့တာလုံဒေသခံလူထုတွေရဲ့ ဆန္ဒသဘောထားကို နားမထောင်ဘဲ အလေးမထားဘဲ သူတို့ဆက်လက်ပြီးရေကာတာ ဆောက်လုပ်သွား မယ်ဆိုရင် ၊ ကျမတို့ ဆန့်ကျင်လို့ မနိုင်လို့ ကျမတို့ရွာတကယ်ပြောင်းရွှေ့ခဲ့ရသည်ရှိသော် ဒါ သမိုင်းဆိုးတခုအဖြစ် မှတ်တမ်းတင်လိုက်မယ်။ ကျမတို့ ရှေးအစဉ်အဆက်ကတည်းက နေထိုင်လာတဲ့ဒီရွာလေးဟာ မနေ့တနေ့ကမှလာဆောက်တဲ့ ဘာမဟုတ်တဲ့ဒီစီမံကိန်းကြောင့် ကျမတို့ရွာသားတွေ မပြောင်းချင်ဘဲနဲ့ ရွာပြောင်းရမယ်ဆိုလို့ရှိလည်း ဒါ နောင်လာနောက်သားတွေသိအောင် သမိုင်းဆိုးတခုဖြစ်ကြောင်း ကျမတို့ ရေးမှတ်ထားမယ်။ – ဟု တာလုံရွာသူ နန်းလောဝ်ခမ်း ကပြောသည်။

အထက်ရဲရွာရေကာတာအတွက်ဆောက်ထားသော အခြေခံအုဋ်မြစ်မခိုင်မာမှုကြောင့် ယမန်နှစ်က ရေတိုက်စား ခြင်းဖြင့် ပင် ပျက်စီးနေသည်ကိုတွေ့ရပြီး တည်ဆောက်ပြီးစီးပါက လူထုအတွက်များစွာ အန္တရာယ်ရှိနိုင်ကြောင်း ၊ထို့အတွက် လွှတ်တော်မှ ရေကာတာတည်ဆောက်ရေး ဘတ်ဂျက်ကိုလျှော့ချပေးရန် သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် စိုင်းသန့်ဇင်က ပြီးခဲ့သည့်လက လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့သည်။

Photo by SHAN/သီပေါမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့မနက် က သီပေါဒေသခံလူထု ၊ လွှတ်တော်အမတ်များ ၊ လယ်သမားများ စုစုပေါင်း အင်အား ၁၀၀၀ ခန့်တွေ့ဆုံ

သို့သော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထွန်းနိုင်က ၄င်းနှင့်ပတ်သက်ပြီး စိုးရိမ်ရသည့်အခြေ အနေမရှိကြောင်း ချေပပြောဆိုပြီး ရေကာတာဆက်လက်တည်ဆောက်သွားမည့်အရေးသာ ပြောဆိုခဲ့သည်။
လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင်လည်း ၅၀၁ မဲသည် ရေကာတာ ဆက်ဆောက်ရန် ထောက်ခံနေသည့် မဲဖြစ်ပြီး ကန့်ကွက်သည့်မဲမှာ ၂၈ မဲသာရှိသဖြင့် လွှတ်တော်မှ ရေကာတည်ဆောက်မှုအတွက် ဘတ်ဂျက်ငွေ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ သန်းခန့်)တိုးချပေးရန် အတည်ပြု ခဲ့သည်။

၄င်းနှင့်ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က – “နိုင်ငံရေးပြောင်းလဲသွားပြီဆိုပေမယ့် ကျနော်တို့တွေရချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ မရောက်နိုင်သေးဘူး။ ဒါပေမယ့် တက်လာတဲ့အစိုးရဟာ လူထုရွေးကောက်တင်မြှောက်လို့ အစိုးရဖြစ်လာတာ။ ဒါကြောင့် လူထုအပေါ် သူတို့ဘယ်လောက်အာရုံစိုက်သလဲဆိုတာ အဲဒီအစိုးရရဲ့သမိုင်းဘဲ။ ဥပဒေထဲမှာလည်းရှိပါတယ်။ လူထုအတွက် မည်သည့်စီမံကိန်းကိုမဆို ဆောင်ရွက်တော့မယ်ဆိုရင် ကောင်းကျိုး ဆိုးကျိုးကိုအရင် ကြည့်ရပါမယ်။ ဒါကြောင့်လူထုအနေနဲ့လည်း အရမ်းကြီးမစိုးရိမ်ပါနဲ့ ။ ဖြေရှင်းဖို့နည်းလမ်း၊ ထွက်ပေါက် ရှိလာပါလိမ့်မယ်လို့တိုက်တွန်းချင်ပါတယ်။ ”– ဟုစိုင်းသန့်ဇင်ကပြောသည်။

ထိုသို့ အစိုးရဘက်မှ ဒေသခံလူထု၏ ဆန္ဒသဘောထားကိုလျစ်လျူရှုကာ ရေကာတာတည်ဆောက်ရေး ဆက်လက်ဆောင်ရွက်နေသည့်အပေါ် မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ကူညီထောက်ပ့ံမှု ရင်းနှီးမြုပ်နှံမှုများအား ရပ်တန့်ပေးရန် ပြည်ပအဖွဲ့အစည်းများထံတောင်းဆို ကြောင်း သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေး ကပြောသည်။

လက်ရှိ နမ္မတူမြစ်ခေါ် မြစ်ငယ်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်ယူရန် ရေကာတာ တည်ဆောက် ရေးအတွက် တာဝန်ယူထားသည့် ပြည်ပကုမ္မဏီများမှာ Germany နိုင်ငံမှ Lahmeyer ကုမ္မဏီ Switzerland နိုင်ငံမှ Stukey SA ကုမ္မဏီ French နိုင်ငံမှ Joint Venture IPGRB ကုမ္မဏီ တို့ဖြစ်ကြသည်။ သို့သော် Germany နိုင်ငံမှ Lahmeyer ကုမ္မဏီ သည် လာအိုနိုင်ငံတွင် ယခင်လက ကျိုးပေါက်ခဲ့သော ဆေပြိန် ဆေနမ့်နွဲ့ ရေကာတာကြီးအား တည်ဆောက်ရာတွင် အကြံပြုပေးသော Tractebel ENGIE ကုမ္မဏီ၏ ကုမ္မဏီခွဲတခုဖြစ်ကြောင်းလည်း ၄င်းတို့၏ကြေငြာချက်တွင်ဖော်ပြထားသည်။

အဆိုပါစီမံကိန်းအား ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၀-၂၀၁၁ ခုနှစ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။ ၂၀၂၀-၂၀၂၁ တွင် လျှပ်စစ်ဓါတ် အားဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...