သတင်းမှား

ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ်...

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော်...

တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်နေ

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖြန့်ချိခဲ့ပြီး DVB သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့သော “ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့...

မိုခါ-မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည့် သတင်းအမှား

ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ နေထိုင်သူများအနေဖြင့် မိုခါမုန်တိုင်းလာမှာကြောင့် အမြန်ပြောင်းရွေ့ကြရန်လိုအပ်ဆိုသည့် သတင်းအမှားအကြောင်းအရာတစ်ခု ဆိုရှယ်မီဒီယာတွင် ဧပြီ ၂ ရက်က ပျံ့နှံ့ခဲ့သည်။ U Naing Oo ဆိုသည့် ဖေ့ဘွတ်ခ် အကောင့် က ဧပြီ ၂ ရက် ညနေပိုင်းတွင် “ စစ်တွေ၊ကျောက်ဖြူ သံတွဲ၊ဂွရှိလူများ...

ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ...

ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုမှ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီသို့ ဦးတည်လာသည့် သွေးထိုးလှုံ့ဆော်မှုများ

နိဒါန်း သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒေသအတွင်းနေထိုင်သည့် ပြည်သူများ အချင်းချင်းကြား၊ လူမျိုးစု လက်နက်ကိုင် အချင်းချင်းကြားနှင့်...

မဲဆောက်မြို့ ဈေးဝယ်စင်တာရှိ ရွှေဆိုင်အား မြန်မာဝရမ်းပြေးတစ်ဦးက ဓားပြတိုက်သွားခဲ့ဟု ဝါဒဖြန့်ချိနေ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ Lotus ဈေးဝယ်စင်တာရှိ သြရွဇာ ရွှေဆိုင်အား တော်လှန်ရေးထောက်ခံသူ ဝရမ်းအထုတ်ခံထားရသည့် မြန်မာအမျိုးသားတစ်ဦးက ဓားပြတိုက်သွားကြောင်း ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ဖြစ်သည့် Truth Media ချန်နယ်က မတ်လ ၂ ရက်တွင် ဖြန့်ချိခဲ့ပြီး “မတ်လ ၂ ရက်၊ ည...

နွေဦးတော်လှန်ရေးတွင် ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် ပြောဆိုသယောင် သတင်းအမှားဖြန့်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုကြောင်း ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖြန့်ချိခဲ့ပြီး “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။...

ညောင်ရွှေမြို့နယ် ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များအား PDF တပ်ဖွဲ့က ဖောက်ထွင်းခိုးယူနေဟု သတင်းအမှားဖြန့်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ရေပူကျေးရွာနှင့် လွယ်နွဲ့ကျေးရွာများမှ ဒေသခံပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖော်ထွင်းခိုးယူနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် ကျော်စွာချန်နယ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး “ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာနဲ့ လွယ်နွဲ့ကျေးရွာက...

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

Latest news