သတင်းမှား
စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား
သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိနေပါသည်။ အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်နှာတစ်ခုမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။ ၎င်းက”သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့...
အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်
သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...
ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟု ဖော်ပြချက်အပေါ် စိစစ်ချက်
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း...
နောင်ချိုမြို့ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပေးရန် ဒေသခံများတောင်းဆိုနေဆိုသည့် သတင်းအမှား
သျှမ်းပြည် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံအချို့ဖြင့် သတင်းအမှားဖြန့်ချိနေပါသည်။ စဝ်နန်းဝတီမောင်ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “နောင်ချိုဒေသခံ စစ်ရှောင်များမှ နောင်ချိုမြို့ကို တပ်မတော်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ကစထမှူးမှ နှစ်ပတ်အတွင်းမှာပင် နောင်ချိုမြို့ကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေ” ဟု...
PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား
သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...
PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်
စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ...
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့များအားလုံး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း ပေးရတော့မည်ဟု ဝါဒဖြန့်နေ
၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်အင်အားစုများ သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံး စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးရတော့မည်ဖြစ်ပြီး စစ်ကြောင့် ပျက်စီးခဲ့သည့် အစိုးရ အဆောက်အဦများနှင့် ပြည်သူ့နေအိမ်များကို တော်လှန်ရေးအင်အားစုဘက်က တန်းဖိုးအတိုင်းပေးလျော်ရမည် ဖြစ်ကြောင်း ဝါဒဖြန့်ချိနေပါသည်။ ဦးဖိုးမှန် အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ သူပုန်သိမ်းထားတဲ့ မြို့အားလုံးနီးပါးကို တပ်မတော်ထံ...
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ...
မြေငလျင်ကြီး လှုပ်ခတ်မည်ဟု သတင်းအမှားဖြန့်ဝေခဲ့သူ ဂျွန်မိုးသဲကို စစ်ကောင်စီဖမ်းမိ
SHAN -
မြေငလျင်ကြီးတစ်ခု ဧပြီလ ၂၁ ရက်တွင် လှုပ်ခတ်မည်ဟု Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေခဲ့သည့် John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မုံရွာမြို့ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ (၁၂)...
ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း...





